ၾကားသိသမွ်

သံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေး ခြိမ်းခြောက်ခံရ

သံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေး ခြိမ်းခြောက်ခံရ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့အပေါ် ခြိမ်းခြောက်မှုတခုရှိကြောင်း မနေ့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အဲဒီအတွက် သူရဲ့လုံခြုံရေးကို အမေရိကန်အစိုးရက တိုးမြှင့်ဆောင်ရွက်ပေးထားကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ခြိမ်းခြောက်ခံခဲ့ရပြီးနောက် အမေရိကန် ရဲတပ်ဖွဲ့က လုံခြုံရေးလိုအပ်ချက်တွေကို သူ့အတွက် လုပ်ပေးထားကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ ချက်ချင်း မသိရှိရသေးပါဘူး။ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ကိုမေးမြန်းရာမှာလည်း ပြန်လည်ဖြေကြားခြင်း မပြုပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း သူတို့ရဲ့လုံခြုံရေးအစီအစဉ် အသေးစိတ်ကို ပြောဆိုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လူထုတင်မြောက်ခဲ့တဲ့ အစိုးရက ခန့်ထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ်ဆက်လက် အသိအမှတ်ပြုမလား၊ ဒါမှမဟုတ် စစ်ကောင်စီက ခန့်အပ်ထားတဲ့သူကို အစားထိုး ခွင့်ပြုမလားဆိုတာ ၊ လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
VOA

Zawgyi

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း လုံျခဳံေရး ၿခိမ္းေျခာက္ခံရ

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သူ႔အေပၚ ၿခိမ္းေျခာက္မႈတခုရွိေၾကာင္း မေန႔ ဗုဒၶဟူးေန႔က ေျပာပါတယ္။ အဲဒီအတြက္ သူရဲ့လုံျခဳံေရးကို အေမရိကန္အစိုးရက တိုးျမႇင့္ေဆာင္ရြက္ေပးထားေၾကာင္းလည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔က ၿခိမ္းေျခာက္ခံခဲ့ရၿပီးေနာက္ အေမရိကန္ ရဲတပ္ဖြဲ႕က လုံျခဳံေရးလိုအပ္ခ်က္ေတြကို သူ႔အတြက္ လုပ္ေပးထားေၾကာင္း ရိုက္တာသတင္းဌာနကို ေျပာပါတယ္။

ဒါနဲ႔ပတ္သက္လို႔ အေသးစိတ္ကိုေတာ့ ခ်က္ခ်င္း မသိရွိရေသးပါဘူး။ အေမရိကန္ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴရို FBI ကိုေမးျမန္းရာမွာလည္း ျပန္လည္ေျဖၾကားျခင္း မျပဳပါဘူး။ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ ေျပာေရးဆိုခြင့္ရွိသူ တဦးကလည္း သူတို႔ရဲ့လုံျခဳံေရးအစီအစဥ္ အေသးစိတ္ကို ေျပာဆိုမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

လူထုတင္ေျမာက္ခဲ့တဲ့ အစိုးရက ခန႔္ထားတဲ့ ဦးေက်ာ္မိုးထြန္းကိုပဲ ကုလသမဂၢ ကိုယ္စားလွယ္အျဖစ္ဆက္လက္ အသိအမွတ္ျပဳမလား၊ ဒါမွမဟုတ္ စစ္ေကာင္စီက ခန႔္အပ္ထားတဲ့သူကို အစားထိုး ခြင့္ျပဳမလားဆိုတာ ၊ လာမယ့္ ကုလသမဂၢ အေထြေထြညီလာခံမွာ ဆုံးျဖတ္မွာ ျဖစ္ပါတယ္။
VOA