ၾကားသိသမွ်

၂၁ ရာစုမှာ သုံးသိန်းကို သန်းငါးဆယ်က ရှုံးတဲ့ရာဇဝင် မကျန်ရစ်စေရဘူး

ရခိုင်မှာ AAက တရားစီရင်ရေးကိုတောင် လုပ်နိုင်သွားပြီ။ အမှုအခင်းတွေကို ကိုင်တွယ်မယ်လို့ ကြေညာသွားတယ်။ ရခိုင်ဟာ မြန်မာနိုင်ငံရဲ့ လွတ်မြောက်နယ်မြေတစ်ခု ဖြစ်သွားပြီ။ မင်းအောင်လှိုင်တို့ အာဏာ မသက်ရောက်နိုင်တော့ဘူး။
ကချင်ဘက်က တပ်တွေ ပြန်ဆုပ်သွားပြီလို့ သတင်းရထားတယ်။ တိုင်းရင်းသားနယ်မြေတွေနဲ့ ပြည်မကြားမှာ တပ်တွေ ချထားတယ်။ စောက်ပုက KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ် ကမ်းလှမ်းနေပြီ။
KNU နယ်မြေကတော့ NCAကို လေသံပစ်ပြီး ကျွံလာရင် ဝုန်းတာပဲ။ ချင်းပြည်ဘက် CDF ကလည်း အင်အားတောင့်တင်းနေပြီ။ မအလတို့ကို ခြိမ်းခြောက်နိုင်နေပြီ။ ကယားကလည်း ရှယ်ကင်တာနော်။
တပ်တွင်းမှာလည်း တိုင်းရင်းသားနယ်မြေတွေကို လွှတ်ရင် မသွားချင်ဘဲ ကလန်ကဆန်လုပ်နေကြပြီ။ မင်းအောင်လှိုင်တို့က တပ်တွင်းပုန်ကန်မှာ ကြောက်ပြီး တိုင်းရင်းသားနယ်မြေက တပ်တွေ ပြန်ခေါ်ပြီး မယားပါသားတွေကို ချော့နေတာလည်း ပါတယ်။
မင်းအောင်လှိုင်ဟာ ဘယ်လိုမှ ထိန်းမရနိုင်တဲ့ နယ်မြေတွေကို လက်လွှတ်လိုက်ပြီး လက်နက်အင်အားနည်းတဲ့ ပြည်မကို ဖိဖို့ ကြိုးစားနေပြီလို့ တွေးလို့ရသလို သူတို့အင်အားချိနဲ့လာပြီလို့ အကောင်းဘက်က တွေးလို့ရတယ်။
လက်နက်၊ လူအင်အားနည်းပါးတဲ့ ပြည်မလို့ အိမ်စောင့်ခွေးတွေက တွေးထားပုံရပေမယ့် တကယ်နည်းတယ်လို့ ဘယ်သူပြောလဲ။ အဟက်…
NUG ရဲ့ D-Day ဆိုတာကို သူတို့ မတရားသွေးပျက်နေကြပြီ။ D-Day ဟာလည်း အနှေးနဲ့ အမြန် ဖြစ်ကိုလာမှာ။ အနှေးဆိုရင်တောင် သိပ်ဝေးမယ် မထင်ဘူး။
စစ်တပ်ထဲမှာလည်း D-Day ရောက်ရင် လက်နက်ချဖို့ ကြိုပြင်နေတဲ့ ကောင်တွေနဲ့ နောက်လှည့်ပစ်မယ့်ကောင်တွေနဲ့ ဒင်းကြမ်း။ Psywar မဟုတ်ဘူး။ အတည်ပြောတာ။
ကိုယ့်မိသားစု တပ်ထဲထည့်ပြီး ပြန်ပေးစွဲထားတဲ့ ငပဲ့တွေအတွက် အသားကုန်ခွေးစိတ်ပေါက်နေတဲ့ ကောင်တွေကလွဲရင် ဘယ်သူမှ အသေခံမတိုက်ဘူး။
အလံနဲ့ အသံကို နားစွင့်ကြ။ တော်လှန်ရေးကို မျက်ခြေမပြတ်နဲ့။ MaALoe အသေမဆိုးမချင်း ငါတို့က တော်လှန်ကြမှာ။
၂၁ ရာစုမှာ သုံးသိန်းကို သန်းငါးဆယ်က ရှုံးတဲ့ရာဇဝင် မကျန်ရစ်စေရဘူး။
ငါတို့ နိုင်မှာ
#credit;ပန်ဆယ်လို