အချို့သောခင်ပွန်းတွေဟာ ဇနီးသည်ကိုယ်ဝန်ဆောင်နေစဉ်မှာဘဲ ကွယ်လွန်သွားခဲ့ကြတဲ့အဖြစ်အပျက်မျိုးကို တွေ့မြင်ဖူးကြမှာပါ။မီးဖွားနေစဉ်အတွင်း ၎င်းတို့အနားမှာ ကလေးလေးရဲ့အဖေကရှိမနေဘဲ သားအမိသာကျန်ရှိနေရတဲ့ဇနီးဖြစ်သူတို့ရဲ့နာကျင်ခံစားမှုကို မြင်ယောင်ကြည့်ရင် ကိုယ်ပါလိုက်နာကျင်နေရပါလိမ့်မယ်။
အခုလည်း မသေခင်တစ်ရက်အလိုမှာ ၎င်းတို့ရဲ့မွေးကင်းသကလေးလေးကို ပွေ့ဖက်ခင်ရခဲ့တဲ့ဖခင်ကောင်းတစ်ဦးရဲ့တကယ့်အဖြစ်အပျက်တစ်ခုကို ဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။
“ကောင်းကင်ဘုံသို့ မသွားခင် တစ်ရက်အလိုမှာ အဖေက သူ့ရဲ့မွေးကင်စသားလေးကို သူ့ရဲ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားနိုင်မဲ့သူ့ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းသွားနိုင်ခဲ့တယ်”ဟု သမီးဖြစ်သူ Gracie Stone က သူမရဲ့ဖခင်အတွက် တမ်းတခြင်းစာကို ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ Alabama ပြည်နယ်မှာ နေထိုင်တဲ့ Christopher Stone အမည်ရှိဖခင်တစ်ဦးဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ဘဝမှာ ပင်ပန်းစွာ လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုတဲ့အိမ်ထောင်ဦးစီးဖြစ်သူ မစ္စတာ Christopher Stone ဟာ သူ၏အလုပ်ခွင်အတွင်းမှ ထုတ်လုပ်တဲ့မကောင်းတဲ့အငွေ့အသက်များကို ရှုရှိုက်မိသွားခဲ့ခြင်းကြောင့် သူဟာ အဆုတ်ရောဂါကို ခံစားနေခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့ရပါတယ်။
မစ္စတာ Christopher Stone မသေဆုံးမီ တစ်ရက်အလို ၂၄ရက်နေ့မှာ ဇနီးဖြစ်သူ Brandi ဟာ သူတို့ဇနီးမောင်နှံအတွက် သားဦးလေးဖြစ်တဲ့ Coy လေးကို မွေးဖွားခဲ့ပါတယ်။ထိုနေ့မှာ မစ္စတာ Christopher Stone ဟာ သားဦးလေးကို ရင်ဘတ်ထဲမှာ ပွေ့ဖက်ထားခဲ့ပြီး သားလေးရဲ့ခေါင်းကိုလည်း တုန်ရီနေတဲ့သူ့ရဲ့လက်များဖြင့် ပွတ်သပ်ပေးနေခဲ့ပါတယ်။
ထိုအချိန်မှာ မစ္စတာ Christopher Stone ဟာ အလွန်အားနည်းနေပြီဖြစ်ပြီး စကားတစ်လုံးမှမပြောနိုင်ခဲ့ပါဘူး။သို့ပေမဲ့ သူဟာ မှတ်စုစာအုပ်ထဲမှာ စာလေးရေးလိုက်ပါတယ်။
“ ငါ့ရဲ့သားလေးကို ပွေ့ဖက်ခွင့်ရတာ ငါအရမ်းဝမ်းသာတယ် ၊ ဘုရားသခင်က ကြီးမြတ်တယ် ၊ အရာအားလုံးအတွက် ကျေးဇူးပါ” ဟု မစ္စတာ Christopher Stone ဟာ သူ့ရဲ့သားဦးလေးအတွက် ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ် စာလေးရေးပေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ မစ္စတာ Christopher Stone ဟာ ငြိမ်းချမ်းစွာဖြင့် လူ့လောကကြီးမှ အပြီးအပိုင်ထွက်သွားခဲ့ပါတော့တယ်။
ထို့နောက် ဇနီးဖြစ်သူ Brandi က “ Christopher ရဲ့အပြုံးနှင့် စိတ်ဝိညာဉ်က ကျွန်မတို့ရဲ့သားလေးနဲ့အတူ ကျန်ရှိနေခဲ့တဲ့အတွက် ကျွန်မ ကျေးဇူးတင်တယ် ” လို့ ဆိုခဲ့ပါတယ်။ဒါဟာ အလွန်ကို ဝမ်းနည်းကြေကွဲရတဲ့အဖြစ်အပျက်တစ်ခုပါ။Rest In Peace ပါ မစ္စတာ Christopher Stone…
Mia (KBdailynews)
Reference : goodtimes
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။