ထိုင်းရောက်မြန်မာတွေ အလုအယက်အိမ်ပြန်နေကြတာနဲ့ ပက်သက်ပြီး အရေးကြီးတာတွေ ပြောမှရတော့မယ်..
မြဝတီချစ်ကြည်ရေးတံတား(2)မှ ယနေ့ အိမ်ပြန်မြန်မာလုပ်သား 205 ဦး၊ လူနာ 1 ဦး စုစုပေါင်း 206 ဦး
ပြည်တွင်း ပြန်လည်ဝင်ရောက်လာ….ဟုတ်ပြီ…. ဒါပေမယ့်….ယခု ပြန်လာသူတွေက ထိုင်းလဝကနှင့် အိမ်ပြန်ပွဲစား
များ အိမ်ပြန်အကျိုးဆောင်များကို ငွေကြေးအဆမတန်ပေးပြန်နေသူတွေပါ….ထောင်က လွတ်ရက်စေ့လို့ အိမ်ပြန်ဖို့ စောင့်နေကြရှာတဲ့
မြန်မာနိုင်ငံသားတွေ ဟာထိုင်းလဝကအချုပ်ထောင်တွေထဲမှာ လေးလကနေရှစ်လကျော်ထိ ဒုက္ခခံ စောင့်နေကြရတာပါ….
အပြင်က ငွေပေးပြန်နေကြသူတွေ များနေတော့သူတို့ အလှည့်မရောက်တော့ဘူးလေ…
ယခင်တစ်ခေါက်ကလည်း သူတို့ အလှည့်မရောက်ခဲ့ဘူး။
ကိုယ်ချင်းစာ ပေးကြပါလားဗျာ…ကျတော်ကိုယ်တိုင် ထိုင်းထောင်ထဲမှာ နေခဲ့ရဖူးတော့ကိုယ်ချင်းစာမိတယ် သူတို့ အိမ်ပြန်ချင်နေကြပြီ…
လူဦးရေ သုံးထောင်နီးပါးရှိနေတယ်။အကြောင်းအမျိုးမျိုးနဲ့ အိမ်ပြန်ကြသူတွေကိုလည်းနားလည်ပါတယ်…
ဒီလိုအချိန်မှာ အလုအယက်တိုးဝှေ့ပြန်နေကြတော့
စျေးတွေကြီးကုန်ပြီ….တွေးမိကြရဲ့လား….ဟိုးတုံးက ထိုင်းလဝက (တောမော) သွင်းကြေးဘတ် 2000 ကျော်လေးပဲ
ခလေးအတွက် မယူဘူး တဲ့။
လက်တွေ့ ငွေသွင်းနေရသူတွေက ရင်ဖွင့်လာတာ…ခုကြည့်လေ….ထိုင်းလဝက သွင်းကြေး လူကြီး – 6500 ဘတ်ခလေး
ငါးနှစ်အောက် – 3500 ဘတ်
ခလေး ငါးနှစ်အထက် – 4500 ဘတ်ဒါတောင် ထိုင်းလဝကသွင်းကြေးပဲ ရှိသေးတယ်အကျိုးဆောင်ခ ပွဲစားခ ကြိုခ ပို့ခတွေ မပါသေးဘူး။
အပြင်ပေါက်စျေး ခုဆို 7500 ဘတ်ကနေဘတ် 10,000 ကျော်ထိ စျေးတက်ကုန်ပြီ။တောမောရုံး မှာ တန်းစီ အိပ်စောင့်နေကြတယ်။
ပြီးရင် ဒီလူတွေ မဲဆောက်တံတားထိပ်မှာ လနဲ့ချီ ပြီး သောင်တင်ကြ ပိတ်မိကြအုံးမယ်။လာမယ့် နှစ်ပတ်လောက် စောင့်ကြည့်ပါ
ပုံမှန်ခရီးသည်ကားတွေ ပြန်ဖွင့်ပေးနိုင်ခြေရှိပါတယ်။အိမ်ပြန်စရိတ်တွေ အများကြီး သက်သာသွားမှာပါ။အားလုံးကို
ပြောချင်တာက ကိုယ့်ခြေထောက်ကို
ပြန်မနင်းကြပါနဲ့…..ကျွန်တော် ခုလို အမှန်တွေ ဖော်ထုတ်ရေးရင်ထိုင်းကရော မြန်မာကရော ကျတော့်ကို မုန်းကြတယ်
သတ်ပစ်ချင်ကြတယ် သိလား….
ကျွန်တော် အမုန်းခံရေးနေရတာ ထိုင်းရောက်မြန်မာလုပ်သားတွေကို ချစ်လို့ မှတ်ပါ…..
ပုံ-3/8/2021ယနေ့ အိမ်ပြန်မြန်မာလုပ်သားများ
ဓာတ်ပုံ-ဝင်းဇော်(သတင်းထောက်)
အားလုံးရဲ့ ဘဝတွေ လှပနေရင်ကျေနပ်နေမယ့်…..
ရဲမင်း(AAC)—🚩
လွတ်မြောက်နယ်မြေ အဝေးတနေရာ…
3/8/2021(11:31)