ချောင်ပိတ်မိနေပြီဖြစ်တဲ့ စကစ နဲ့ အိမ်တိုင်းဟာ အောင်မြေဖြစ်တော့မယ့် စက်တင်ဘာ
ထားဝယ် ကတပ်ထဲမှာ Covid တွေ တစ်အားဖြစ်နေတာ ၊ တပ်ရင်းတစ်ခုလုံး သွေးပျက်နေကြတယ် ။
ထားဝယ်မှ မဟုတ်ဘူး တပ်ထဲ မှာ ရှေ့တန်း ဘယ်သူမှ မသွားချင်ကြဘူး။ အရာရှိ ကို အဆင်ပြေအောင်ပေါင်းပြီး ရှောင်နေကြတယ်။
အ တဲ့ကောင်တွေ အကပ်မရှိတဲ့ကောင်တွေဘဲ ရှေ့တန်းသွားနေရတော့ အချင်းချင်းတွေ စိတ်ဝမ်းတွေ ကွဲနေကြတယ် !! ရှေ့တန်းရောက်လည်း အသေခံတိုက်ဖို့ထက် လက်နက်ချပြီးပြေးမယ် ဆိုတာတွေချည်းဘဲ။ ကြားရတဲ့သတင်းတွေ တော့ခပ်ကောင်းကောင်းဘဲ အချိန်တစ်ခုထိ တောင့်ခံနိုင်ဖို့ဘဲလိုတယ် ။
ဪ ဒါ နဲ့ တပ်ရင်းမှူး လူပျို တို့ ငယ်ငယ်လေးတို့ ဆိုတာကလေ…. တပ်ရင်းမှူးအစစ်တွေက ရှေ့တန်းသွားဖို့ငြင်းနေကြလို့ ထိန်းသိမ်းထားပြီး ငစနူ သုံးပွင့်တွေကို ခပ်တည်တည်နဲ့ ရင်းမှူး၊ ဒုရင်းမှူး ပေးပြီး လွှတ်လိုက်ကြတာဗျ။
နယ်မြေက မကျွမ်း၊ စစ်ပညာက မတတ် ၊ အတွေ့အကြုံကမရှိ ဘယ်ပို့ပို့ ရင်းမှူးဆိုတဲ့ကောင်တွေချည်း မသာပေါ်နေတဲ့အကြောင်းက ဒါပဲ။
ရှေ့တန်းက မသွားချင်တာလည်း မပြောနဲ့လေ ချင်းသွားလည်း သေ၊ ကချင်သွားလည်း သေ ကရင်ဘက်လည်း သေ သေရုံတင်မကဘူး အလောင်းတောင် ပေလျကံ ခွေးစားစား ငရဲဆင်းဆင်း ပစ်ထားခဲ့ကြတာ။
အမယ် အလောင်းတင် ပစ်ထားတယ် မထင်နဲ့ ကျန်နေနဲ့ မယားမဲဖောက်တဲ့ စနစ် မဟုတ်တော့ဘူးဗျ ဦးရာကောင် ဝင်ဆွဲ ပွဲတော်တည်နေကြတယ် ဆိုပဲ။ ကျန်ရစ်မယားတို့ ရက်မလည်ခင် အပါယ်ကြောက်ကြရဲ့လားဟဲ့ ။
လျှော်ကြေးကတော့ အမှန်ပစ်ထားတဲ့ ကျန်ရစ်မယားတို့ရဲ့ အပြုအစုကောင်းရင် ဆံပင်ညှပ်ဆိုင်
တဆိုင်စာတော့ ဆိုင်ခန်းငှားပြီး ဖွင့်နိုင်မှာပေါ့လေ။ မဟုတ်လို့ကတော့ တပ်ပြေးစာရင်း ကောက်ထည့်ပစ်လိုက်တာပဲ အဟေ့။
တချို့တပ်မှူးများကြတော့ တော်သား သူလည်း အပြစ်လွတ်၊ သူ့လူတွေလည်း အသက်ရှင် အောင် ရှေ့တန်းဆို တန်းလိုက်တာပဲ အဲ့ ဒါပေမယ့် အမှာတော်ခြွေပုံလေးကတော့ ထိပ်တိုက်အခြေအနေမကောင်းရင် လက်နက်သာ ချလိုက်ကြ ဆိုပဲ။ ငါလူး ကောင်းလောင့်တေး ကောင်းလောင့်တေး။
မအလ စကစ ကနေ ကမကလ အိမ်စောင့်ခွေး နာမည် ပြောင်းလိုက်တာကလည်း တချက်ခုတ် သုံးချက်ပြတ်အကွက် ဆိုပဲ။
_ငလျင်ကြောင့် ယတြာချေမယ်။
_နိုင်ငံတကာကို ဂျင်းကျွေးမယ်။
_မအလကို မကြိုက်တော့တဲ့ အောက်ခြေ စစ်သားတွေ ကို အမြင်လှည့်ဖျားဖို့ တွေ့ကရာ တိုက်ပုံတထည် ကောက်စွပ်လိုက်တာလဲ ပါတယ် ဆိုသဗျ။
ယတြား ကျေ မကျေတော့ မပြောတတ်ဘူး။ အိမ်စောင့်ခွေး စက်ဝန်း တပတ်ပြည့်ပြီး အပြီးပြုတ်မယ့်ကိန်းက ဆိုက်ကရော။နိုင်ငံတကာကို ဂျင်းကျွေးရအောင်ကလည်း သူ့ပထွေး ချီးနားတောင် ဖင်ယမ်းနေပြီ ။
ထပ်ပြောရရင် နပတ ခု ည အခြေအနေအရ ရှေ့ တပတ်အတွင်း ကမကလ မအလ အိမ်စောင့်ခွေးတသိုက် အကွက်တခု ထပ်ရွေ့လာဖို့လည်း ရှိသဗျ။ ဘာကွက်လည်းဆို ပွေးကွက်ပဲ ဖြစ်မှာပါ။
သတိထားဖို့ကတော့ ခွေးရူးဟာ ချောင်ပိတ်မိနေပြီ။ မွန်းကလည်း တည့်လုပြီ။ ဆိုတော့ မြင် မြင်ရာ ပတ်ကိုက်တာကိုတော့ သတိထားကြဗျို့ ။
အရေးတော်ပုံ အောင်ပါ့မလား တွေးမနေနဲ့တော့၊ အရေးတော်ပုံက မိတ်ဆွေပါ ပါရင် မြန်မြန်အောင်မယ်။ ပြောနေ ကြာလို့ စက်တင်ဘာအတွက် အိမ်တိုင်းဟာ အောင်မြေဖြစ်တဲ့အကြောင်း မောင်းခတ်လို့သာ ကြေညာထားလိုက်တော့ဗျာ ။ ။
Credit