ၾကားသိသမွ်

ရဲရင်စံ ကြောက်ရင်ခံ ပြည်သူတွေ တကယ်ပါလာရင် သေချာပေါက်အောင်မြင်မယ့် တော်လှန်ရေး…

ရဲရင်စံ ကြောက်ရင်ခံ

ခင်များတို့ကို တစ်ခုထပ်ပြောပြမယ်၊
ငါတို့ရခိုင်မှာ ၂၀၁၉ ခု ဇန္နဝါရီလကစပြီး AA နဲ့ မအလရဲ့ ကြ့ည်းရေလေ ဖက်ဆစ်တပ်တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ကြတယ်။ ပထမ ပလက်ဝ ဘူးသီးတောင် စဖြစ်တယ်၊ အဲ့ဒီဒေသက ရခိုင်ရွာတွေ မအလ တပ်ရက်စက်တာကို အလူးအလှိမ်းခံကြရတယ်၊

မအလ တပ်မ ၃၃ ၅၅ ၆၆ ၉၉ တွေအပြင် ရသေ့တောင်က မအလ တပ်ရင်း ၃ ခုက စစ်သွားကူပေးတယ်။ အဲ့အချိန် ဘူးသီးတောင်ပြည်သူတွေ ခံနေရတာမမြင်ရဲ့တဲ့ ရသေ့တောင်ပြည်သူတွေက ရသေ့တောင်မြို့နယ်ထဲမှာပင် မအလတပ်တွေကို လမ်းဖြတ်တိုက်ပေးဖို့ AA ကို လှမ်းခေါ်ကြတယ်။

မကြာပါဘူး AA က သူရဲကောင်းလေးတွေ ရသေ့တောင်နယ်ထဲ ဆင်းလာကြတယ်။ အဲ့မှာပင် မအလတပ်တွေကို ထွက်သမျှဖြတ်တိုက်ကြတယ်။ တိုက်ပွဲတိုင်းနီးပါး အရမ်းပြင်းထန်ခဲ့တယ်၊

ပြီးယင် ပုဏ္ဏားကျွန်းတပ်က စစ်သွားကူပြန်တယ်။ အဲ့ ပုဏ္ဏားကျွန်းပြည်သူတွေက ပုဏ္ဏားကျွန်းထိ လာတိုက်ပေးဖို့ AA ကို ဖိတ်ခေါ်ကြပြန်တယ်။ တကယ်လည်း AA လူငယ်တွေ ပုဏ္ဏားကျွန်းမြို့နယ်ထိဝင်ပြီး လာတိုက်ကြပြန်တယ်။ ပထမဆုံး ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ ပုဏ္ဏားကျွန်း ဗုဒ္ဓောရွာနား တိုက်ပွဲပါပဲ။ ၇ ရက်တပတ်ကြာတဲ့ တိုက်ပွဲပေါ့။

အဲ့ကတခါ ကျောက်တော်မြို့နယ်ထဲ AA ဝင်လာပြန်တယ်။ ယင်းကတခါ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် နစက ဌာနချုပ်ရှိရာ အမ်းမြို့နယ်ထိ တိုက်ပွဲတွေ ကျယ်ပြန့်သွားခဲ့တယ်။ တနေ့ ၄ပွဲ အနည်းဆုံး ဖြစ်ကြတယ်။ မအလတပ် တိုက်ပွဲတိုင်း သောက်သောက်လဲသေတယ်။ တချို့ပွဲတွေမှာဆို ရာလိုက် ထောင်လိုက်ကိုသေတာ။

ဆိုလိုချင်တာက တိုက်ပွဲတခုအနိုင်ရဖို့ ပြည်သူလူထုထောက်ခံအားပေးမှုဟာ အရေးအကြီးဆုံးပါ။ ကျနော်တို့ဒေသကပြည်သူတွေဟာ တကယ့်လက်ရွေးစင် AA စစ်သားလေးတယောက် ကျဆုံးသွားမှာကို အရမ်းနှမြောကြတယ်။ ကာကွယ်ပေးကြတယ်၊ အစစ ကူညီပေးကြတယ်ပေါ့။ ဒါကြောင့် အသက်ငယ်ငယ်လေးနဲ့ AA က စင်ပေါ်ရောက်သွားတာပါ

အဲ့လိုပဲ ခင်များတို့ဒေသ မန်းလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေထဲထိ မကြာခင် တိုက်ပွဲကြီးတွေ ရောက်လာပါလိမ့်မယ်။ အဲ့အချိန်မှာ သင်တန်းပြီးအမာခံ PDF တွေ မကျဆုံးဖို့၊ သူတို့အတွက် လိုလေသေးမရှိ ကူညီပေးဖို့ ခင်များတို့ ပြည်သူလူထုမှာ တာဝန်အပြည့်ရှိတယ်။
အဆုံးသပ်ပြောမယ်

ခင်များတို့ ပြည်သူလူထု တကယ်ပါလာယင် PDF တွေ သေချာပေါက်နိုင်မယ်။ တိုက်ယင်းနဲ့ PDF အင်အားက အဆမတန်ကြီးထွားလာလိမ့်မယ်။ ယင်းအချိန် မအလ တပ်သာတွေးလည်း ပြိုကွဲသွားပါလိမ့်မယ်၊ စစ်အာဏာရှင်တွေ စည်းစိမ်ကို အသေခံကာကွယ်ပေးမဲ့ စစ်သားဆိုလို့ အနည်းစုပဲ ကျန်ခဲ့ပါလိမ့်မယ်။

အများစုက ပြည်သူလူထုဖက်က ဘက်ပြောင်းရပ်တည်လာကြပါလိမ့်မယ်။
ခင်များတို့ တော်လှန်ရဲယင် ပြောတာပါ။ ကြောက်ယင်တော့ မြောက်ကိုးရီးယားတွေလို စစ်ကျွန်ဘဝ ဆက်ခံကြရုံပဲပေါ့ဗျာ။ ။

Min Nyo