ၾကားသိသမွ်

ယာယီသမ္မတ ဦးမြင့်ဆွေမှ အလိမ်အညာ မင်းအောင်လှိုင်ထံ ပေးစာ(မရယ်ရတဲ့ သရော်စာ)

ယာယီ သမၼတ ဦးျမင့္ေဆြမွ အလိမ္အညာ မင္းေအာင္လွိုင္ထံ ေပးစာ(မရယ္ရတဲ့ သေရာ္စာ)

မင္းေအာင္လွိုင္ေရ
မေျပာခ်င္ေပမယ့္လည္း ေျပာစရာ တစ္ခ်ိဳ႕ရွိေတာ့ ေျပာရမယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ ဇန္နဝါရီ လကုန္ ငါ ကခ်င္ျပည္နယ္ ပူတာအိုဘက္ ခရီးထြက္ၿပီး ျပန္ေရာက္ကာစပဲ ရွိေသးတယ္၊ မင္းက သမၼတ၊ ဒုသမၼတ နဲ႔ လူအေတာ္မ်ားမ်ား ဖမ္းၿပီး အာဏာသိမ္းလိုက္တယ္။ မင္းက တပ္ခ်ဳပ္ပဲ သိမ္းခ်င္လည္း သိမ္းေပါ့။

ဒါေပမယ့္ မဆီမဆိုင္ ငါ့ကို ယာယီ သမၼတ ဆိုၿပီး ဖြဲ႕စည္းပုံမွာ မရွိတဲ့ ရာထူးေပး၊ ငါကပဲ အေရးေပၚ အေျခအေန ေၾကညာ၊ မင္းကို အာဏာ၃ရပ္ (၁) ႏွစ္ေပးတယ္ ဆိုတဲ့ ပုံ လုပ္ခဲ့ရ သ႐ုပ္ေဆာင္ခဲ့ရတယ္။

ငါ မေက်နပ္ေပမယ့္ ငါ့မိသားစုေနာင္ေရး ရွိေသးေတာ့ ငါ လိုက္ေလ်ာခဲ့ရတယ္။ အင္းေပါ့ေလ။ မင္းက ၂၀၀၈ ကိုလိုက္နာဆဲ လို႔ ဆိုတာကိုး။ ဒါေပမယ့္ အခု ငါ့မွာ ေမးစရာေတြ ရွိလာၿပီ။

၁။ ၾသဂုတ္လ ၁ ရက္ေန႔ မင္းရဲ့ မိန႔္ခြန္းမွာ မင္းအေနနဲ႔ အေရးေပၚကာလ ျပဌာန္းခ်က္ အေကာင္အထည္ ေဖာ္ဖို႔ ၂ ႏွစ္၊ ေရြးေကာက္ပြဲ လုပ္ဖို႔ ၆ လ၊ စုစုေပါင္း ၂ ႏွစ္ ၆ လ အာဏာယူထားမယ္၊ အခ်ိန္ကာလအားျဖင့္ ၂၀၂၃ ၾသဂုတ္လ ေရာက္မွ ၿပီးစီးမယ္ ဆိုၿပီး ေျပာတာ ငါၾကားရတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအရ မင္းက တပ္ခ်ဳပ္ အဆင့္ပဲ ဆိုတာ မေမ့ဖို႔ လိုတယ္၊ အေရးေပၚကာလ တာဝန္ယူဖို႔ မင္းဖာသာမင္း သက္တမ္းတိုးလို႔ ရသလား။ ငါက တိုးေပးမွ ရမွာ မဟုတ္ဘူးလား။ ေျပာပါဦး။

၂။ မွတ္မိေသးလား။ မင္း လူေတြဖမ္း အာဏာသိမ္းၿပီး ေဖေဖၚဝါရီ ၁ ရက္ေန႔မွာ ကာလုံ အစည္းအေဝးလုပ္တယ္။ ၂ ရက္ေန႔မွာေတာ့ ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္ အစိုးရ၊ ျပည္ေထာင္စု အစိုးရအဖြဲ႕ အစည္းအေဝး ဆိုၿပီး က်င္းပခဲ့တယ္။ မင္းက တပ္ခ်ဳပ္အေနနဲ႔ တက္တယ္၊ မိန႔္ခြန္းေျပာတယ္၊ အသစ္ခန႔္ မင္းရဲ့ ဝန္ႀကီးေတြ တက္တယ္။ ငါ့ကို ယာယီ သမၼတ ဆိုၿပီး ေဘးမွာ ထားတယ္။

ထားပါ ၂၀၀၈ အရ နိုင္ငံ အထြဋ္အထိပ္ ယာယီသမၼတ ကို ေဘးမွာ ထားၿပီး မင္းနံပတ္(၁) လုပ္တာ ငါ ဘာမွ မေျပာခ်င္ခဲ့ေပမယ့္ အခု မင္းက အိမ္ေစာင့္ အစိုးရအဖြဲ႕ ဆိုၿပီး အသစ္ ထပ္ဖြဲ႕တယ္။ အဲဒီမွာ ငါမပါဘူး၊ ဒါလည္း ငါ ဘာမွ မေျပာခ်င္ဘူး၊ ဒါေပမယ့္ ငါ ပါေနေသးတဲ့ ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္ အစိုးရ ဆိုတာႀကီး ရွိေသးလား၊ မင္းဖ်က္လိုက္ၿပီလား။

ဖ်က္လိုက္ရင္ ငါ ဘယ္ေနရာ ေရာက္သြားမလဲ၊ ငါက ယာယီသမၼတေရာ ဆက္ ျဖစ္ေနေသးသလား။ ေနာက္ အေရးေပၚကာလ ၿပီးသြားရင္ မင္း သမၼတ ကို ျပန္အစီရင္ခံရမယ္ ဆိုတာကိုေရာ ေမ့သြားၿပီလား။ ဘာေတြလဲကြာ အခု တိုင္းျပည္မွာ အစိုးရ ၂ ခုေတာင္ ျဖစ္ေနၿပီ။

ငါ အသက္လည္းႀကီးၿပီ။ ေအးေအးေဆးေဆး ေနခ်င္ၿပီ။ မင္းဖာသာမင္း စစ္အာဏာသိမ္းတယ္ ဆို သိမ္မလုပ္ရဲတာတယ္ေပါ့ကြာ၊ ၂၀၀၈ ဘာညာ လုပ္မေနနဲ႔ေပါ့။ မင္းဟာက ဘာမွ မရွိဘူး ဆိုေပမယ့္ အခု မင္းလုပ္ေနတာက လိမ္တာ၊ ညာတာ၊ ေသြးမရွိတာ၊ တာဝန္မခံရဲတာ နဲ႔ တိုင္အေရးမႀကီးဘူး၊ျပည္လည္း ကုန္းေကာက္စရာ မရွိေအာင္ ပ်က္ေနၿပီ၊ အဲဒါ ငါလည္း ဒုကၡေရာက္တယ္။
ျမင့္ေဆြ။

(သတင္းစာဆရာ စည္သူေအာင္ျမင့္၏ သေရာ္စာကို ျပန္လည္ေဝမၽွ ေဖာ္ျပျခင္းျဖစ္ပါသည္)

Unicode

ယာယီ သမ္မတ ဦးမြင့်ဆွေမှ အလိမ်အညာ မင်းအောင်လှိုင်ထံ ပေးစာ(မရယ်ရတဲ့ သရော်စာ)

မင်းအောင်လှိုင်ရေ
မပြောချင်ပေမယ့်လည်း ပြောစရာ တစ်ချို့ရှိတော့ ပြောရမယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ လကုန် ငါ ကချင်ပြည်နယ် ပူတာအိုဘက် ခရီးထွက်ပြီး ပြန်ရောက်ကာစပဲ ရှိသေးတယ်၊ မင်းက သမ္မတ၊ ဒုသမ္မတ နဲ့ လူအတော်များများ ဖမ်းပြီး အာဏာသိမ်းလိုက်တယ်။ မင်းက တပ်ချုပ်ပဲ သိမ်းချင်လည်း သိမ်းပေါ့။

ဒါပေမယ့် မဆီမဆိုင် ငါ့ကို ယာယီ သမ္မတ ဆိုပြီး ဖွဲ့စည်းပုံမှာ မရှိတဲ့ ရာထူးပေး၊ ငါကပဲ အရေးပေါ် အခြေအနေ ကြေညာ၊ မင်းကို အာဏာ၃ရပ် (၁) နှစ်ပေးတယ် ဆိုတဲ့ ပုံ လုပ်ခဲ့ရ သရုပ်ဆောင်ခဲ့ရတယ်။ ငါ မကျေနပ်ပေမယ့် ငါ့မိသားစုနောင်ရေး ရှိသေးတော့ ငါ လိုက်လျောခဲ့ရတယ်။ အင်းပေါ့လေ။ မင်းက ၂၀၀၈ ကိုလိုက်နာဆဲ လို့ ဆိုတာကိုး။ ဒါပေမယ့် အခု ငါ့မှာ မေးစရာတွေ ရှိလာပြီ။

၁။ သြဂုတ်လ ၁ ရက်နေ့ မင်းရဲ့ မိန့်ခွန်းမှာ မင်းအနေနဲ့ အရေးပေါ်ကာလ ပြဌာန်းချက် အကောင်အထည် ဖော်ဖို့ ၂ နှစ်၊ ရွေးကောက်ပွဲ လုပ်ဖို့ ၆ လ၊ စုစုပေါင်း ၂ နှစ် ၆ လ အာဏာယူထားမယ်၊ အချိန်ကာလအားဖြင့် ၂၀၂၃ သြဂုတ်လ ရောက်မှ ပြီးစီးမယ် ဆိုပြီး ပြောတာ ငါကြားရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ မင်းက တပ်ချုပ် အဆင့်ပဲ ဆိုတာ မမေ့ဖို့ လိုတယ်၊ အရေးပေါ်ကာလ တာဝန်ယူဖို့ မင်းဖာသာမင်း သက်တမ်းတိုးလို့ ရသလား။ ငါက တိုးပေးမှ ရမှာ မဟုတ်ဘူးလား။ ပြောပါဦး။

၂။ မှတ်မိသေးလား။ မင်း လူတွေဖမ်း အာဏာသိမ်းပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ကာလုံ အစည်းအဝေးလုပ်တယ်။ ၂ ရက်နေ့မှာတော့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး ဆိုပြီး ကျင်းပခဲ့တယ်။ မင်းက တပ်ချုပ်အနေနဲ့ တက်တယ်၊ မိန့်ခွန်းပြောတယ်၊ အသစ်ခန့် မင်းရဲ့ ဝန်ကြီးတွေ တက်တယ်။ ငါ့ကို ယာယီ သမ္မတ ဆိုပြီး ဘေးမှာ ထားတယ်။

ထားပါ ၂၀၀၈ အရ နိုင်ငံ အထွဋ်အထိပ် ယာယီသမ္မတ ကို ဘေးမှာ ထားပြီး မင်းနံပတ်(၁) လုပ်တာ ငါ ဘာမှ မပြောချင်ခဲ့ပေမယ့် အခု မင်းက အိမ်စောင့် အစိုးရအဖွဲ့ ဆိုပြီး အသစ် ထပ်ဖွဲ့တယ်။ အဲဒီမှာ ငါမပါဘူး၊ ဒါလည်း ငါ ဘာမှ မပြောချင်ဘူး၊ ဒါပေမယ့် ငါ ပါနေသေးတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဆိုတာကြီး ရှိသေးလား၊ မင်းဖျက်လိုက်ပြီလား။

ဖျက်လိုက်ရင် ငါ ဘယ်နေရာ ရောက်သွားမလဲ၊ ငါက ယာယီသမ္မတရော ဆက် ဖြစ်နေသေးသလား။ နောက် အရေးပေါ်ကာလ ပြီးသွားရင် မင်း သမ္မတ ကို ပြန်အစီရင်ခံရမယ် ဆိုတာကိုရော မေ့သွားပြီလား။ ဘာတွေလဲကွာ အခု တိုင်းပြည်မှာ အစိုးရ ၂ ခုတောင် ဖြစ်နေပြီ။

ငါ အသက်လည်းကြီးပြီ။ အေးအေးဆေးဆေး နေချင်ပြီ။ မင်းဖာသာမင်း စစ်အာဏာသိမ်းတယ် ဆို သိမ်မလုပ်ရဲတာတယ်ပေါ့ကွာ၊ ၂၀၀၈ ဘာညာ လုပ်မနေနဲ့ပေါ့။ မင်းဟာက ဘာမှ မရှိဘူး ဆိုပေမယ့် အခု မင်းလုပ်နေတာက လိမ်တာ၊ ညာတာ၊ သွေးမရှိတာ၊ တာဝန်မခံရဲတာ နဲ့ တိုင်အရေးမကြီးဘူး၊ပြည်လည်း ကုန်းကောက်စရာ မရှိအောင် ပျက်နေပြီ၊ အဲဒါ ငါလည်း ဒုက္ခရောက်တယ်။
မြင့်ဆွေ။

(သတင်းစာဆရာ စည်သူအောင်မြင့်၏ သရော်စာကို ပြန်လည်ဝေမျှ ဖော်ပြခြင်းဖြစ်ပါသည်)