အၾကမ္းဖက္စစ္ေကာင္စီႏွင့္ လက္ပါးေစပ်ဴေစာထီးအဖြဲ႕ဝင္မ်ား ဖ်က္ဆီးလို႔ ဝန္ျခဳံးရြာမွ ေနအိမ္ ၅၀ ေက်ာ္ ပ်က္စီး
ရန္ကုန္၊ ၾသဂုတ္ ၃
အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ လက္ပါးေစ ပ်ဴေစာထီးအဖြဲ႕ဝင္မ်ားမွ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းရွိ
ဝန္ျခဳံးေရးရြာသို႔ လက္နက္မ်ားကိုင္ေဆာင္ကာ ဝင္ေရာက္ဖ်က္ဆီးခဲ့လို႔ ေနအိမ္ ၅၀ ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့သည္ဟု
ေဒသခံတစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ သတင္းေပးပို႔သည္။
“ကိုင္းလယ္ရြာက ရဲေခြးေတြနဲ႔ ပင္ေတာင္ရြာက ပ်ဴေစာထီးေတြ ရြာကိုလာၿပီး ပစၥည္းေတြကို ေမႊေႏွာက္ဖ်က္ဆီးတာ၊
ပ်ဴေစာထီးအဖြဲ႕ဝင္ေတြက လူငယ္ေတြပဲ၊ သူတို႔က ေက်ာင္းသား ေက်ာင္းသူ ရွိတဲ့ အိမ္တိုင္း ဖ်က္ဆီးပစ္မယ္လို႔ ေအာ္ၿပီး
ဝင္ဖ်က္ၾကတာ၊ က်ေနာ္တို႔ ရြာသားေတြကေတာ့ ထြက္ေျပးၾကရတာေပါ့၊” ဟု မ်က္ျမင္ေတြ႕ရွိသူ ဝန္ျခဳံးရြာသား တစ္ဦးမွ ေျပာသည္။
ဖ်က္ဆီးခံလိုက္ရသည့္ ပစၥည္းမ်ားမွာ ဆန္အပါအဝင္ စားနပ္ရိကၡာမ်ား၊ ေနအိမ္သုံးလၽွပ္စစ္ပစၥည္းမ်ား၊ ဆိုင္ကယ္မ်ားျဖစ္ၿပီး
ပ်ဴေစာထီးအဖြဲ႕ဝင္မ်ားမွ ၎တို႔လိုအပ္သည့္ ပစၥည္းမ်ားကို ယူေဆာင္သြားေၾကာင္းသိရသည္။
အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ဇူလိုင္လ ၃၁ ရက္ေန႔တြင္ ဝန္ျခဳံးရြာသို႔ ဝင္ေရာက္ၿပီး မီးရွို႔မႈေၾကာင့္
ေနအိမ္ ၂ လုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး ေနာက္တႀကိမ္လာေရာက္ကာ ထပ္မံဖ်က္ဆီးခဲ့သည္ဟု ရြာသားတစ္ဦးမွ ေျပာသည္။
စစ္ေကာင္စီမွ ခန႔္အပ္ထားေသာ ပင္ေတာင္ရြာ အုပ္ခ်ဳပ္ေရးမႉး ဇူလိုင္လ ၃၁ ရက္ေန႔တြင္ အသတ္ခံရၿပီး
အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားႏွင့္ လက္ပါးေစမ်ားမွ ဝန္ျခဳံးရြာတြင္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား
ရွိသည္ဟု စြပ္စြဲၿပီး ယခုလို ဝင္ေရာက္ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္။
ၿပီးခဲ့သည့္ ဇြန္လ ၁၅ ရက္တြင္လည္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းရွိ ကင္းမရြာကို အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွ
မီးတင္ရွို႔ခဲ့ၿပီး တစ္ရြာလုံးနီးပါး မီးေလာင္ပ်က္စီးခဲ့သည္။
သတင္းရင္းျမစ္- ေခတ္သစ္မီဒီယာ
Unicode
အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေပျူစောထီးအဖွဲ့ဝင်များ ဖျက်ဆီးလို့ ဝန်ခြုံးရွာမှ နေအိမ် ၅၀ ကျော် ပျက်စီး
ရန်ကုန်၊ သြဂုတ် ၃
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ပါးစေ ပျူစောထီးအဖွဲ့ဝင်များမှ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ
ဝန်ခြုံးရေးရွာသို့ လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်ဖျက်ဆီးခဲ့လို့ နေအိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု
ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။
“ကိုင်းလယ်ရွာက ရဲခွေးတွေနဲ့ ပင်တောင်ရွာက ပျူစောထီးတွေ ရွာကိုလာပြီး ပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးတာ၊
ပျူစောထီးအဖွဲ့ဝင်တွေက လူငယ်တွေပဲ၊ သူတို့က ကျောင်းသား ကျောင်းသူ ရှိတဲ့ အိမ်တိုင်း ဖျက်ဆီးပစ်မယ်လို့ အော်ပြီး
ဝင်ဖျက်ကြတာ၊ ကျနော်တို့ ရွာသားတွေကတော့ ထွက်ပြေးကြရတာပေါ့၊” ဟု မျက်မြင်တွေ့ရှိသူ ဝန်ခြုံးရွာသား တစ်ဦးမှ ပြောသည်။
ဖျက်ဆီးခံလိုက်ရသည့် ပစ္စည်းများမှာ ဆန်အပါအဝင် စားနပ်ရိက္ခာများ၊ နေအိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ဆိုင်ကယ်များဖြစ်ပြီး
ပျူစောထီးအဖွဲ့ဝင်များမှ ၎င်းတို့လိုအပ်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဝန်ခြုံးရွာသို့ ဝင်ရောက်ပြီး မီးရှို့မှုကြောင့်
နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နောက်တကြိမ်လာရောက်ကာ ထပ်မံဖျက်ဆီးခဲ့သည်ဟု ရွာသားတစ်ဦးမှ ပြောသည်။
စစ်ကောင်စီမှ ခန့်အပ်ထားသော ပင်တောင်ရွာ အုပ်ချုပ်ရေးမှူး ဇူလိုင်လ ၃၁ ရက်နေ့တွင် အသတ်ခံရပြီး
အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် လက်ပါးစေများမှ ဝန်ခြုံးရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
ရှိသည်ဟု စွပ်စွဲပြီး ယခုလို ဝင်ရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်တွင်လည်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းမရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ
မီးတင်ရှို့ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့သည်။
သတင်းရင်းမြစ်- ခေတ်သစ်မီဒီယာ