ၾကားသိသမွ်

တပ်မတော်အရာရှိ ၁၂၉ ဦးကိုခြေတော်တင်ခဲ့သော စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးအား နေပြည်တော်မှ ခေါ်ယူစစ်ဆေး

တပ်မတော်အရာရှိ ၁၂၉ ဦးကိုခြေတော်တင်ခဲ့သော စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးအား နေပြည်တော်မှ ခေါ်ယူစစ်ဆေး

ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နေ့လည် ၂ နာရီခန့်က တပ်မတော်အတွင်း ထိပ်ပိုင်းအရာရှိတစ်ဦးအပေါ် ဓမ္မတာနှင့်ဆန့်ကျင်သောမုဒိမ်းမှုဖြင့်တိုင်ကြားချက်ပေါင်း ၁၂၉ ခုရှိခဲ့သည်။

တိုင်ကြားချက်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တိုက်ရိုက်လက်ခံထားပြီး နေပြည်တော်သို့ရောက်ရှိနေသော တပ်မတော်စစ်ဆေးရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်မှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ခေါ်ယူစစ်ဆေးခဲ့သည်။

ဓမ္မတာနှင့်ဆန့်ကျင်သောမုဒိမ်းမှုဖြင့် တိုင်ကြားသူ များမှာ ဗိုလ်မှူးချုပ်အဆင့်မှ တပ်သားအဆင့်ထိဖြစ်ပြီး စုစုပေါင်း အမျိုးသားအရာရှိ ၁၂၉ ဦးတို့မှ သက်သေနှင့်တကွ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်စစ်ဆေးရေးချုပ်မှ သက်သေများကို စစ်ဆေးလျက်ရှိပြီး ၎င်းတို့တွင် ဓာတ်ပုံသက်သေ၊ အသံသက်သေ၊ ရုပ်သံသက်သေ၊ လူသက်သေနှင့် ဒဏ်ရာသက်သေတို့ပါဝင်ပြီး အထောက်အထားသက်သေခံပစ္စည်းများအဖြစ် အသုံးပြုပြီးသားကွန်ဒုံး၊ ကိုယ်လိမ်းဆီ၊ ရေမွှေး၊ လက်ထိပ်များ၊ စကပ်များ၊ အမျိုးသားအင်္ဂါတု၊ အဝေးထိန်းအမျိုးသားအင်္ဂါတုများနှင့် ဂျယ်လီတုံးများ သိမ်းဆည်းရရှိထားသည်။

တရားလိုများအဖြစ် ကာယကံရှင်အရာရှိ ၁၂၉ ဦး၊ တပ်မတော်စစ်ဆေးရေးချုပ်၊ နေပြည်တော်တိုင်းမှူးနှင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) တို့ပါဝင်ပြီး အမှုကာယကံရှင်များကို သက်သေမှန်ကန်ကြောင်းနှင့် ကာယကံရှင်ဖြစ်ကြောင်းတို့ကို

လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ကိုယ်ရေးအရာရှိ၊ လက်ထောက်အရာရှိများ၊ ရင်းနှီးကျွမ်းဝငိသူများကို စတင်စစ်ဆေးနေကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်မှ ခေတ္တဆိုင်းငင့်ထားပြီး

ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်ဆေးစီရင်ရန် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထက်မနိမ့်သော ကြည်း၊ ရေ၊ လေ တပ်မတော်အရာရှိ ၉ ဦးတို့ဖြင့် တပ်မတော်နည်းဥပဒေများ အခန်း (၅)၊ အပိုင်း ၂ အရ စစ်တရားရုံးချုပ်ဖွဲ့စည်းရန် အရာရှိများကို နေပြည်တော်သို့ဆင့်ခေါ်ထားကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန
Crd.ခါနွေဦး