စာနှင့်ပက်သက်လျှင် ပျင်းရိသော ကလေးတွေကို စာသင်ကြားပေးရခြင်းက လွယ်ကူသော အရာတစ်ခုမဟုတ်ပေ။
သို့ဖြစ်၍ မလေးရှားနိုင်ငံ Pahang ရှိ မူလတန်းကျောင်းတွင် တာဝန်ကျသော ဟေရှာယအမည်ရှိ ကျောင်းဆရာတစ်ဦးသည် တပည့်လေးများအပေါ် စေတနာ မေတ္တာထားကာ ပညာသင်ကြားပေးခြင်းဖြင့် နာမည်ကြီးလာခဲ့သည်။
ဆရာဖြစ်သူသည် အတန်းထဲတွင် ကျောင်းသားတိုင်း အားနည်းသည့် ဘာသာရပ်တစ်ခုဖြစ်သောအင်္ဂလိပ်စာကို သင်ကြားပေးရပြီး စစဆုံးသင်ချိန်မှာပဲ မည်သူမျှ စိတ်ဝင်စားခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ဆရာသည် အင်္ဂလိပ်စာ ဘာသာရပ်အား ဂီတနှင့်ရောနှောပြီး စိတ်ဝင်စားလာအောင် ရန်ပုံငွေနှင့် ဂစ်တာတစ်ယောက်တစ်လက်စီကျ ဝယ်ပေးခဲ့သည်။
ထို့နောက် တက်ဘလက်နှင့် ကွန်ပျူတာကို ထပ်မံစုဆောင်းထားသည့် ရန်ပုံငွေနှင့် ဝယ်ယူခဲ့ပြီး လိုင်းပေါ်ရှိ စေတနာ့ဝန်ထမ်းများနှင့်အတူ အင်္ဂလိပ်စကားဖြင့် စာစောင်များ အပြန်အလှန်ပေးပို့ကာ လေ့ကျင့်သင်ကြားပေးခဲ့သည်။
နောက်ဆုံးတွင် ကျောင်းသားလေးများသည် စာသင်ကြားရာ၌ ပျင်းရိခြင်းမရှိတော့ပဲ အမြဲတက်ကြွနေကာ စာမေးပွဲရလဒ်များများလည်း မယုံကြည်လောက်အောင် အမှတ်ကောင်းလာခဲ့သည်။
Rain (For Ialinks)