ၾကားသိသမွ်

နာမည်တွေဘယ်လိုပြောင်းပြောင်း ပြည်သူလက်မခံရင် သူပုန်ပဲ

ပြည်သူလက်မခံရင် သူပုန်ပဲ

မင်းအောင်လိူင်ရဲ့ စကစအကြမ်းဖက်အဖွဲ့ကတော့ တစ်ဆင့်တက်ပြီး အိမ်စောင့်အစိုးရဆိုတဲ့
၁၉၅၈ ဦးနုဆီကနေ ဦးနေဝင်း အာဏာသိမ်းတဲ့ ပုံစံ မိတ္တူကိုယူလာကြပြန်ပါတယ်

ဦးနုဆီကနေ ဦးနေဝင်းက အာဏာသိမ်းတော့ သူခဏအာဏာထိန်းတယ်ဆိုတဲ့ ပုံစံနဲ့ ကလိန်ကကျစ်
လုပ် အာဏာကိုယူ ၁၉၆၂မှာ တော်လှန်ရေးကောင်စီ ထိုမှတစ်ဆင့် မဆလ အစိုးရဆိုပြီးလာပါတယ်
နေဝင်းဆီကနေ စောမောင် ထိုမှသန်းရွှေ အာဏာယူခဲ့စဉ်ကလဲ နဝတ ကိုဖွဲ့ခဲ့တယ် ထို နဝတမှသည် နအဖ ဆိုပြီး အုပ်ချုပ်ခဲ့တယ်

မင်းအောင်လိူင်ဟာ ရှေးဆရာတွေ နည်းလမ်းဟောင်းအတိုင်း လုပ်လာ တာကိုတွေ့ရပေမယ့် မတူညီတာက နေဝင်းလက်ထက်က အာဏာသိမ်းအုပ်စုနဲ့ သန်းရွှေလက်ထက်က အာဏာသိမ်းအုပ်စု ထိုအဆင့်အတန်းတွေလောက် မင်းအောင်လိူင်မှာ အရည်အချင်းရှိသူ မရှိတာပါပဲ

၈၈ အာဏာသိမ်းစဉ်က အခြေအနေပြန်ကြည့်တဲ့အခါ စစ်တပ်ကတစ်ပတ်အတွင်း တည်ငြိမ်အောင်ထိန်းထားနိုင်ပြီး ဆန့်ကျင်ဘက်အင်အားကြီး NLD အုပ်စုကို ၁၉၉၀ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့
နှစ်သိမ့်မူ့နဲ့ သူတို့လိုရာကိုဆွဲယူသွားပါတယ်

၁၉၉၀ NLDအနိုင်ရတော့လဲ အာဏာမပေးတော့ပဲ အုပ်ချုပ်ရေးပိုင်းကို စီးထားလိုက်ပြီး ပြည်သူအုံကြွ
မလာအောင် လုပ်ထားခဲ့သလို စစ်ဖက်အရပ်ဖက်နဲ့တိုင်းရင်းသားဘက်တွေကို အငြိမ်ထိန်းခဲ့တယ်
ထိုစဉ်က စစ်ဖက်မှာ တိုင်းမှူးဆိုသူတွေကလဲ တကယ့်ကို တိုင်းရင်းသားလက်နက်ကိုင်တွေ ကြောက်ရွံခဲ့ရတဲ့ ဖိုက်တာများပါပဲ

အခုလက်ရှိ မင်းအောင်လိူင်အာဏာသိမ်းတာကို ကြည့်ရအောင်ပါ အခြေအမြစ်မရှိပဲ ပြည်သူလက်မခံတဲ့ မဲမသမာမူ့ ကို အကြောင်းပြပြီး ဘာမှန်းညာမှန်းမသိ အာဏာ ကောက်သိမ်းလိုက်တယ် ပြည်သူကိုဆိုက်ဝါးတွေထည့်ပြီး ငြိမ်အောင်ထိန်းဖို့ ကြိုးစားပေမယ့် ပြည်သူသန်းနဲ့ချီပြီး အာဏာသိမ်းမူ့ကို ဆန့်ကျင်ခဲ့ကြတယ်

နိုင်ငံတကာကလဲ ဘယ်ခေတ်နဲ့မှမတူ ပြင်းထန်တဲ့ဖိအားတွေပေးသလို သံတမန်ရေးရာပိုင်းမှာ ဘယ်လိုမှတည်ဆောက်မရဖြစ်နေတယ် ၆လကြာသည်ထိအုပ်ချုပ်ရေးပိုင်း ခိုင်မာအောင် မတည်ဆောက်နိုင်
သလို ပစ်သတ်ဖမ်းဆီးလုပ်နေတာထက် ပိုပြီးမအုပ်ချုပ်နိုင်ဘူး စီးပွားရေးပိုင်းမှာလဲအကုန်လဲပြိုကျလို့
ဘယ်လိုမှရှေ့ဆက်နိုင်တာတွေ့ရပြန်တယ်

ပြည်တွင်းတော်လှန်ရေးအားကောင်းလာမူ့တွေနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေ
မှာ အထိနာလာတော့ ဒီအရှိန်ကိုတန့်ဖို့အတွက် မင်းအောင်လိူင်ဟာ ကိုဗစ်ကို လက်နက်သဖွယ်အသုံးချပြီး ပြည်သူကို ရောဂါဖြစ်ပွားစေပါတယ်

အောက်စီဂျင်လိုအပ်မူ့တွေကို ပိတ်ပင်တာ ပရဟိတစေတနာရှင် ဆရာဝန်တွေကိုဖမ်းတာတွေလုပ်ပြီး လူသေနူန်းကို မြှင့်ပလိုက်တယ်တော်လှန်ရေးဟာ ခဏတော့ငြိမ်သက်သွားပေမယ့် အခုဆိုပြန်အားကောင်းလာပါတယ် နေဝင်း သန်းရွှေ လက်ထက်ကပြည်တွင်းကတော်လှန်မူ့တွေမကြုံခဲ့ရပေမယ့် မင်းအောင်လိူင်ကတော့ ပြည်တွင်းက PDF တွေနဲ့ရွာလည်နေပါတယ် သူ့စစ်တပ်လဲဘယ်သွားတိုက်ရမလဲ ဖြစ်နေသလို စစ်လဲပန်းလို့နေပါပြီ

တပ်ရင်းမှူးအဆင့် သေတာအလောင်းတောင်မကောက်နိုင်တဲ့ စကစ စခတပ်အဖို့ ရှေ့ဆက်အောင်
မြင်စရာအကြောင်းကိုမရှိပါဘူး ဒါတောင် NUGနဲ့ နိုင်ငံတကာပံပိုးမူ့နဲ့ ဝင်လာမယ့် ဖက်ဒရယ်အာမီအဆင့်မလာသေးပါဘူး

အခုလဲမြို့နယ်အလိုက် ရရာလက်နက်နဲ့ တော်လှန်နေတဲ့ pdf အင်အားစုတွေကြောင့် စကစ စခတွေ
အထိနာနေတာ တစ်ရက်တစ်ရက်မနည်းပါဘူး

ပြန်ချုပ်ရရင် အာဏာသိမ်းမူ့ ဖြစ်စဉ်အားလုံးကို ပြန်ကြည့်လိုက်တဲ့အခါ မင်းအောင်လိူင် အာဏာသိမ်းတဲ့အုပ်စုဟာ အညံဆုံးနဲ့အသုံးမကျဆုံးအုပ်စုဖြစ်သလို ဘယ်ခေတ်မှာမှ မရှိခဲ့တဲ့ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွှတ်စွာ စစ်အာဏာသိမ်းအုပ်စုကို ညီညွှတ်စွာဆန့်ကျင်နေကြတာပါပဲ

ပြည်သူသာအဓိကပါ ရှေ့ဆက်ပြီး အခုလိုဆက်ညီ ညွှတ်နေကြမယ်ဆိုရင် မင်းအောင်လိူင်တို့မကြာခင်
ဆင်းပြေးရပါတော့မယ် သူဘာသာ စစ်ကောင်စီပဲပြောပြော အိမ်စောင့်အစိုး ရလို့ ခေါင်းစဉ်ပဲတပ်တပ် ပြည်သူလက်မခံရင် အစိုးရမဟုတ်ပါဘူး သူပုန်ပါပဲ

သူတို့အုပ်ချုပ်မူ့ အာဏာစက်လဲ သက်ရောက်မှာမဟုတ်ပါဘူး သွေးရူးသွေးတန်းနဲ့ အလဲလဲအပြိုပြိုဖြစ်နေတဲ့ မင်းအောင်လိူင်တို့ အာဏာသိမ်းအုပ်စု နာမည်တွေဘယ်လိုပြောင်းပြောင်း မသာကိုသကာလောင်းလဲ အပုပ်နံက ပျောက်သွားမှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်ဗျာ
မုဆိုး လက်