ၾကားသိသမွ်

မျောက်သစ်ကိုင်းလွတ် သူရူး ပမာ ဖြစ်နေရှာသော……

မျောက်သစ်ကိုင်းလွတ် သူရူးပမာ ဖြစ်နေရှာသော

စောက်ပုဟာ သူ့ပလန်အစီစဉ်တိုင်း စနစ်တကျ လုပ်နေ သွားနေတာတဲ့ မြင်နေရသလောက်ကတော့ အဲလောက်လည်းမဟုတ်ပါဘူး ကြုံရာကျပန်းနဲ့ ရမ်းသလူးနေတာပဲ တွေ့တာပဲ

အာဏာရူးပြီး ပိုင်ပြီးဆိုပြီး ကောက်သိမ်းလိုက်တယ် ခုထိပျားတုတ် တိုင်ပတ်နေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေချိန်

အချိန်ယူ ပလန်တွေနဲ့ စနစ်တကျ ပြင်ဆင်ပြီး လုပ်တာမဟုတ်ပဲ တကွက်မရလို့ နောက် တကွက်ပြောင်းတဲ့အဆင့်နဲ့ ခုဟာက ထပ်ရွေ့ကစားတာ ရက်ပိုင်းလေးပဲ ပြင်ဆင်ပြီး

ဒီတော့ ဒီကောင်‌လုပ်နေတာတွေ အောင်မြင်မလားဆို မအောင်မြင်ဘူးပဲ လုပ်နေတဲ့ ပုံစံက တခုနဲ့မရရင် နောက်ပုံစံတခုနဲ့လုပ်မယ်_ကိုသွတ်သွင်းပြီး လုပ်ကြည့်မယ်ဆိုတဲ့ ရေရှည်ပလန်အရ စနစ်တကျနဲ့ စီစဉ်ထားတာ မဟုတ်ပဲ အလုပ်မဖြစ်လို့ နောက်ပုံစံနဲ့ လုပ်ကြည့်မယ်ဆိုတဲ့ ရေတို ပလန်မရှိ စနစ်မရှိနဲ့ ချက်ခြင်း ထလုပ် ပြောင်းလုပ်တဲ့ လုပ်စဉ်တွေဆိုတော့

သူလုပ်နေတာတွေဟာ ရေတိုပဲ ရမယ် ရေရှည်မရဘူး ရေရှည်အတွက်လည်း ဘာပလန် စနစ်နဲ့ မူဝါဒ စည်းဘောင်တွေ တိုင်ပင် လုပ်ဆောင်နေတာတွေ မရှိလောက်ဘူး အခါတော်ပေး အကြံပေးတွေနဲ့ တယောက်တည်း ဒိုင်ခံ လည်ပတ်ရူးနေတဲ့ လုပ်နေတဲ့ ပုံစံဖြစ်နေတယ်

မယုံရင်လောင်းပါတယ် ခု သူလုပ်နေတဲ့ ပြောင်း လိုက်တဲ့ အိမ်စောင့်အစိုးရဘာညာဆိုတာ သူ့လက်အောက်က ကောင်တွေကို တိုင်ပင် ဆွေးနွေး ညှိနှိုင်းမယ် အဲ့ကောင်တွေ သိမယ်ထင်နေကြလို့လား အာဏာရှိလို့ ရမ်းချီးပန်းနေတဲ့ အဆင့်ရယ် ဒီတော့ ခု အိမ်စောင့်နဲ့ အဆင်မပြေရင် နောက်တမျိုး ချိန်းအုံးမှာပဲ

ဒီတော့ ငပုလုပ်နေပုံဟာ ဘာမှမစွမ်းသာလို့ ကြံရာမရဖြစ်ပြီး ထထလုပ်နေတဲ့ ပုံစံဖြစ်နေပြီး အဓိကက သူကြောက်တဲ့ ယတြာ တဘောင်တွေကြောင့်လည်း သွေးလေခြောက်ခြားပြီး ထိုအရာတွေကို လိုက်ပိတ်ကာကစားရင်း သူ့အသက်အန္တရယ်မထိခိုက်အောင်အတွက် ခုလိုတွေ ရူးပြီး လုပ်နေပုံရပါတယ်

သဘောက လူတစ်ယောက်ဟာ ကံဇာတာကျတော့မည် အသက်အန္တရာယ်ရှိနိုင်သည်ဟု သိထားလျင် ဘာဖြစ်မည်လဲ ဒီသဘောတရားပဲ ထိုအချက်ကနေ လွတ်အောင် ရူးပြီး သူလုပ်ချင်ရာ လုပ်တော့မယ် ထိုအတွက် ပလန်မရှိ တိုင်ပင် ဆွေးနွေးမှုမရှိ တကိုယ်ထဲ လုပ်ချင်ရာလုပ် သောင်းကြမ်းနေတဲ့ပုံစံနဲ့
သေချာပါတယ် မအလတကောင်တော့ မျောက်သစ်ကိုင်းလွတ်ဖြစ်နေပြီ မယုံကြည့် ခု အိမ်စောင့်မအောင်မြင်ရင် နောက်တမျိုးထပ်ချိန်းပြီး စောက်ရူးထပ်ထအုံးမယ် ဒါပေမယ့် သူ့အဲ့ချိန်ထိ ‌ဆေးမီပါ့မလား အသက်ရှင်ပါ့မလားပဲ စောင့်ကြည့်ရမယ် 😄
မင်းကြည် ညိုနေ