ကိုဗစ်ကူးစက်မှုတွေက နေရာအနှံ့ဖြစ်ပွားနေပြီး လူကြီးလူငယ်မရွေးရောဂါ ကူးစက်ခံထားရကာ ကိုဗစ်ရောဂါဆိုးကြီးကို
တိုက်ထုတ်နိုင်ခဲ့တဲ့ ပြည်သူတွေလည်း အများအပြားရှိနေကြပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုကို အနုပညာရှင်တွေလည်း
ရင်ဆိုင်ခံစားနေရသလို တစ်ချို့အနုပညာရှင်တွေဟာလည်း ကိုဗစ်ကူးစက်ခံရပြီး အသက်သေဆုံးလျက်ရှိနေကြပါတယ်။
ကိုဗစ်ရောဂါအပါအဝင် အကြောင်းမျိုးစုံနဲ့ ဆုံးပါးသွားကြတဲ့ အနုပညာရှင်တွေရဲ့သတင်းတွေကိုလည်း နေ့စဥ်နဲ့အမျှ မြင်တွေ့နေရပါတယ်။
Photo Credit: ngwe t oe ‘ s facebook acc
Photo Credit: ngwe t oe ‘ s facebook acc
ယခုမှာတော့ အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်ထားနိုင်တဲ့ လူရွှင်တော်ဝက်မတစ်ယောက်ဟာလည်း
ကိုဗစ်ရောဂါကူးစက်မှုကို ခံခဲ့ရပါတယ်။လူရွှင်တော်ဝက်မဟာ မော်လမြိုင်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတာဖြစ်ပြီး
အနုပညာရှင်အသိုင်းအဝိုင်းနဲ့ ပြည်သူတွေက စိုးရိမ်ပူပန်နေကြကာ ကျန်းမာရေးပြန်လည်ကောင်းမွန်စေဖို့
ဆုတောင်းပေးနေကြပါတယ်။ လူရွှင်တော်ငွေတီဦးကတော့ လူရွှင်တော်ဝက်မတစ်ယောက်စကားပြောရင် မောနေလို့
စကားမပြောနိုင်ဖြစ်နေကြောင်း ပရိသတ်တွေကို အသိပေးပြောပြလာခဲ့ပါတယ်။
Photo Credit: ngwe t oe ‘ s facebook acc
Photo Credit: ngwe t oe ‘ s facebook acc
လူရွှင်တော်ငွေတီဦးကတော့ ” ကျွန်တော်အကိုသရုပ်ဆောင်ကိုဝက်မPဖြစ်လို့ဆေးရုံတင်ထားရပါတယ်စကားပြောရင်
မောလို့မပြောနိုင်ဘူးမော်လမြိုင်ဆေးရုံမှာပါအကိုရေအားမလျှော့နဲ့နော်ကျွန်တော်လည်း လာလို့မရနဲ့စိတ်ပျက်မိတယ်
အမြန်ပြန်ကောင်းပါစေလို့ဆုတောင်းပေးကြပါဦးဗျာ “ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာဖြစ်ပါတယ်။
ပရိသတ်တွေကို ဘဝအမောတွေပြေစေအောင် ဖျော်ဖြေပေးခဲ့တဲ့ လူရွှင်တော်ဝက်မတစ်ယောက် ကိုဗစ်ရောဂါကို
တွန်းလှန်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။
Source: ngwe t oe ‘ s facebook acc
Photo Credit: ngwe t oe ‘ s facebook acc