ၾကားသိသမွ်

တော်လှန်ရေးရဲ့ အဆုံးအဖြတ် သို့မဟုတ် PDF


PDF ကိုလေ့လာကြည့်တဲ့အခါ အပိုင်း ၃ ပိုင်းတွေ့ရပါတယ်

တောထဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ နေထိုင်တိုက်ပွဲဝင်နေသူတွေ သင်တန်းရက်တိုတက်ပြီး ပြည်တွင်းမြို့ပေါ်တွေမှာ ကိုယ်တိုင်လုပ် လက်လုပ်ဗုံး လုပ်သေနတ်လေးတွေ နဲ့ UG လုပ်နေသူတွေ

ဘယ်သင်တန်းမှမတတ်ပဲ ကိုယ့်ရပ်ကိုယ်ရွာတွေမှာ အင်အားတွေစု ရရာလက်နက်နဲ့ စခတွေကို တော်လှန်နေသူတွေ ဒီသုံးမျိုးတွေ့ရပါတယ်

ခက်တာက သူတို့ရင်ဆိုင်နေရတာက Goverment Army ကိုပါ ခေတ်မှီလက်နက်တွေတပ်ဆင်ထားပြီး
ပရိုအဆင့်ကို ရရာလက်နက်နဲ့တော့တိုက်လို့မရပါဘူး ဒါပေမယ့် အသက်စွန့် ရအောင်တော့တိုက်ကြပါတယ်

KNU ,KIA တို့နဲ့ တွဲတိုက်တဲ့ နယ်ဘက်တွေဆို အသာရတာများပါတယ် လက်နက်ချင်းကသိပ်မကွာတော့ ကြောက်စရာမလိုပါဘူး အင်အားကတော့ ပြောစရာမလိုပါဘူး အကုန် PDF ပါပဲ

ပြောချင်တာက လက်နက်ပါ အခုတော်လှန်ရေးကို တစ်နိုင်ငံလုံး ဦးဆောင်နေသူ တွေက ပြည်တွင်းက PDFတွေကို လက်နက်သာပံပိုးပေးနိုင်ရင် တော်လှန်ရေးဟာ ခရီးရောက်တာကြာပါပြီ တစ်ဖက်က M 16 AK47 ရိုင်ဖယ်တွေနဲ့ အတွဲလိုက် ပစ်နေတာကို ယမ်းထောင်းတူမီး သေနတ်လေးနဲ့ တစ်ချက်ပစ် တစ်ခါယမ်းထည့်နဲ့ အဆင်မပြေပါဘူး

စိတ်ဓာတ်တစ်ခုထဲနဲ့ စစ်တိုက်လို့အနိုင်ရစတမ်း ဆို အင်္ဂလိပ်မြန်မာပြည်ကို မသိမ်းနိုင်ဘူး
ပါးစပ်ကအာမနေကြပါနဲ့ အခုအသေခံတိုက်နေသူ တွေ ဘယ်သူမှလွှတ်တော်ထဲ မတတ်ဘူး တိုင်းပြည်
အတွက် စခတွေကို အသက်နဲ့ရင်းတိုက်နေတာ သူတို့တကယ်လိုအပ်နေတဲ့ လက်နက် ရိက္ခာတွေခင်
ဗျားတို့သာ ပံပိုးပေးလိုက်စမ်းပါ

နေပြည်တော်ကို တက်မသိမ်းနိုင်ရင် ကြိုက်သလိုပြော ခင်ဗျားတို့တွေလဲ PDF ဘေးကင်းပါစေ အောင်မြင်ပါစေ အလကားရတိုင်း ကီးဘုတ်ကနေမန့်နေမယ့် အစား ၅၀၀၀ ၁၀၀၀၀ လှူပေးလိုက်ကြပါလားဗျာ

လူ ၁သန်းပဲ တစ်ယောက် တစ်သောင်း PDF ကိုထောက်ပံ ပွဲမြန်မြန်ပြီးတယ် တော်လှန်ရေးရဲ့အဆုံးအဖြတ်နဲ့ မြန်မာပြည် အနာဂတ် ကို အဆုံးအဖြတ်ပေးမှာ နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံ ဘဝတွေစတေးနေတဲ့ PDF ဆိုတဲ့ လူငယ်တွေပဲဖြစ်ပါတယ်

သူတို့အားကောင်းဖို့လိုပါတယ် သူတို့ကို ကူညီကြပါ ပံပိုးပေးကြပါ ကဗ္ဗည်းအတင်မခံရပေမယ့် သူတို့
တောင် အသက်စွန့်ပေးနေတာ ပြည်သူတွေအနေနဲ့ ထောက်ပံပေးစေချင်ပါတယ် တိုင်းပြည်အတွက်တစ်ကယ်လိုအပ်တာဘာလဲ အမှန်ကို အမြန်ဆုံးမြင်တတ်ကြပါစေ
မုဆိုး လက်