ကြားသိသမျှ

ဂျရတ်ပီကေး(စပိန်အသင်) နှင့် ရှကီယာ(Waka Waka )တို့၏ ချစ်ခြင်းအစ MTV က

ချစ်ခြင်းအစ MTV က
ရှကီယာကို ပထမဆုံးအကြိမ်စတွေ့ခဲ့တာက ၂၀၁၀ ကမ္ဘာ့ဖလားအတွက် သူ့ရဲ့ Waka Waka သီချင်းကို မက်ဒရစ်မှာ MTV ရိုက်ရင်းဆုံမိခဲ့တာ။

အဲ့ဒီမှာ ကျွန်တော်က သူ့ရဲ့ ဖုန်းနံပါတ်ကိုတောင်းထားလိုက်တယ်။ ပြီးတော့ သူက ကမ္ဘာ့ဖလားအဖွင့်ပွဲအတွက် သီချင်းနဲ့ဖျော်ဖြေရမှာဖြစ်တာကြောင့် တောင်အာဖရိကကို ကျွန်တော်တို့(စပိန်အသင်း)ထက် ရက်အနည်းငယ်စောပြီး ရောက်နေခဲ့တယ်။

ကျွန်တော်တို့တောင်အာဖရိကကိုရောက်ပြီး ရက်ပိုင်းလေးမှာ ကျွန်တော် သူ့ဆီကို “ရာသီဥတုအခြေအနေဘယ်လိုရှိလဲ” ဆိုပြီး မက်ဆေ့ခ်ျနဲ့ မေးမြန်းလိုက်တယ်။ သာမန်လောက်ပဲဆိုရင်တော့ ဒီလိုခပ်တုံးတုံးမေးခွန်းမျိုးကို “ ရာသီဥတုကအေးတယ်၊ ကုတ်အင်္ကျီယူလာခဲ့ပါ ” ဆိုတဲ့ အဖြေမျိုးလောက်ပဲ ပြန်လာမှာပါ။

ဒါပေမဲ့ သူက နေ့အချိန်နဲ့လိုက်ပြီး ပြောင်းလဲတတ်တဲ့အပူချိန်ကို အသေးစိပ်သေသေချာချာရှင်းပြပေးထားတဲ့ စာပိုက်အရှည်ကြီးနဲ့ အကြောင်းပြန်လာတယ်။

“ဂျီးဆပ်..ဒါက သာမန်မဟုတ်တော့ဘူး ” လို့ ကိုယ့်ကိုယ်ကို ရေရွတ်လိုက်မိတယ်။ သူ အခုလိုအသေးစိပ်ရှင်းပြလိုက်တဲ့ စာပိုက်အရှည်ကြီးက ကျွန်တော့်ကို သဘောကျနေပြီဆိုတာကို ပြသလိုက်တာပါပဲ။

အဲ့ဒီကစလို့ ကမ္ဘာ့ဖလားကာလတစ်လျှောက်လုံး တစ်ယောက်ကိုတစ်ယောက် မက်ဆေ့ခ်ျတွေအပြန်အလှန်ပေးပို့ခဲ့ကြတယ်။ ဒါပေမဲ့ သူ့ကို တွေ့ခွင့်ရမယ့် တစ်ခုတည်းသောအခွင့်အရေးကတော့ ကျွန်တော်တို့ ဗိုလ်လုပွဲတက်နိုင်မှရမှာဖြစ်တယ်။

သူက ပိတ်ပွဲအခမ်းအနားမှာ ဖျော်ဖြေရမှာဆိုတော့ ဗိုလ်လုပွဲတက်နိုင်မှပဲ သူနဲ့တွေ့ခွင့်ရမှာလေ။ အဲ့ဒါနဲ့ ကျွန်တော်ကလည်း ငါ ..မင်းကို တွေ့ခွင့်ရဖို့ ဗိုလ်လုပွဲအထိရောက်အောင်လာခဲ့မယ်၊ ဗိုလ်လုပွဲရောက်အောင် ငါလုပ်မယ်လို့ ပြောလိုက်တယ်….

ဂျရတ်ပီကေး
အဲ့ဒီ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားမှာ စပိန်အသင်းဟာ အင်နီယေစတာရဲ့ အချိန်ပိုသွင်းဂိုးနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး ပီကေးနဲ့ ရှကီယာတို့လည်း ဖူးစာစုံသွားခဲ့ပါတယ်။

တိုက်ဆိုင်တာက သူတို့နှစ်ယောက်ဟာ ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ မွေးဖွားခဲ့ကြတဲ့ မွေးနေ့တူတွေဖြစ်ပြီး ခုနှစ်လေးပဲကွာခြားကြသူတွေဖြစ်နေပါတယ်။ ရှကီယာက ပီကေးထက် ၁၀ နှစ်တိတိကြီးပါတယ်။ အခုဆိုရင်သူတို့ နှစ်ဦး ရွှေလက်တွဲလာခဲ့တာ ၁၀ နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်ပြီး မီလန်နဲ့ ဆာရှာဆိုတဲ့ ရင်သွေးနှစ်ဦးနဲ့ ပြီးပြည့်စုံတဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ဘဝလေးကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Credit; Original Uploader