ကချင်ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသောမိဘပြည်သူများအား KIA မျိုးချစ်များမှ အထူးထပ်မံသတိပေးခြင်း
မြန်မာတစ်နိုင်ငံလုံး ကို ဗစ် ကဒ်ဆိုးရောဂါကြောင့်ရောဂါကူးစက်သူများတစ်နေ့တစ်ခြားတိုးပွားကာ နေ့စဉ်နှင့်အမျှ
သေဆုံးမှုနှုန်းတိုးမြင့် လျှက်ရှိနေပါသော်လည်း စကစများမှရှိသမျှ စစ်သည်အင်အားများကို ကမ္ဘာ့ကဒ်ဆိုး ကိုဗစ် ရောဂါကာကွယ်နှိမ်နှင်းရေး၊ ပြည်သူ့အသက်ကယ်ဆယ်ရေးတို့တွင် အင်တိုက်အားတိုက်အသုံးမပြုဘဲ.. မြန်မာနိုင်ငံ၏အဆိုးရွားဆုံးကဒ်ဆိုက်ချိန် ၌ပင်
၎င်းတို့၏အာဏာတည်မြဲဖို့ရန်သာ ပိုမို အလေးထားကာ ကျွန်တော်များတိုင်းရင်းသားလက်နက်ကိုင်များ ၏နယ်မြေဆီသို့ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း များဖြင့် စစ်ကူများ လက်နက်ကြီးငယ်များအလုံးအရင်း ဖြည့်တင်းလျှက်ရှိနေကြပါသည်။
ထို့ကြောင့် မိမိတို့ KIA မျိုးချစ်များမှလည်း စကစများလာရာလမ်းကြောင်းတွင် ပိတ်ဆို့တိုက်ခိုက်ခြင်း အချိန်မရွေးနေရာမရွေးတိုက်ပွဲများပိုမိုတင်းမာလာနိုင်သောကြောင့် သေနတ်သံ ၊လက်နက်ကြီး အမြှောက် Motar သံ များကြားလာပါကကတုတ်ကျင်းများတွေခိုအောင်းခြင်း
ကျည်ကာနိုင်သောအုပ်တံတိုင်း၊ နံရံထူ ၊ သဲအိတ်၊ရေကန်၊ရေမြောင်းများကြားများ တွင်ဝပ်နေခြင်းအကာအကွယ်ယူခြင်း၊ တိုက်ပွဲသံများငြိမ်သက်သွားသည့်အချိန်အထိ အကာအကွယ်ရှိသောနေရာများတွင်သာ သီးခံပြီးနေပေးကြပါရန် အထူးသတိပေးစေလိုပါသည်။
လွန်ခဲ့သော တိုက်ပွဲများတွင် ရန်သူ၏မဆင်မချင်တန်ပြန်တိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူများထိခိုက်ဒဏ်ရာရယုံမက သေဆုံးသည်အထိတွေ့မြင်နေရသောကြောင့်ကျွန်တော်များ KIA ရဲဘော်များမှလည်းအလွန်ပင်စိတ်မကောင်းဖြစ်ရပါသည်။ြ
ပြည်သူများကို ကာကွယ်ဖို့ရန် အသက်စွန့်တိုက်ပွဲဝင်သည့်အချိန် ပြည်သူများထံပြန်လည်ထိခိုက်မှု ဖြစ်ပေါ်လာသောကြောင့် ရန်သူများအားအောင်နိုင်ရေးထက် ပြည်သူများထိခိုက်သေဆုံးမှုကြောင့်မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြရပြန်သည်။ယခုကဲ့သို့အဖြစ်ဆိုးများထပ်မံဖြစ်ပေါ်လာနိုင်ပါသဖြင့်အထူ
းသတိပြုစေလိုပါသည်။
မိမိတို့ KIA ရဲဘော်များမှာရန်သူ့တပ်စခန်းများမှလွဲ၍ပြည်သူများ၏အသက်အိုးအိမ်များအားလုံးဝထိပါးတိုက်ခိုက်မည်မဟုတ်ကြောင်းနှင့် ပြည်သူများထိခိုက်လာပါက စကစများ၏လက်ချက်သာဖြစ်သည်။
ထို့ကြောင့် သေနတ်သံ ၊အမြှောက် Motarသံများကြားလာပါက တိုက်ပွဲဖြစ်ပွားရာနေရာနှင့်နီးစပ် သည်ဖြစ်စေဝေးကွာသည်ဖြစ်စေ ရန်သူများ၏လက်နက်ကြီးများသည်အချိန်မရွေး၊နေရာမရွေးကျရောက်လာနိုင်ပါသဖြင့် အထူးဂရုပြုဆင်ခြင်ကြပါရန်ကချင် ပြည်နယ်အတွင်းရှိပြည်သူများအားမေတ္တာရှေ့ထား၍ သတိပေးနိုးဆော်အပ်ပါသည်။
credit; G D Brang