မြန်မာနိုင်ငံအတွင်း တချို့ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ပြည်သူတွေမှာ အခက်အခဲတွေနဲ့
ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်..။
နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် ကျန်းမာရေးနဲ့ စီးပွားရေးတွေ ကြပ်တည်းနေကြတဲ့ အချိန်မှာ
ရေကြီးမှုတွေကြောင့်လည်း အသက်အိုးအိမ်တွေ ဆုံးရှုံးနေကြရတာ တွေ့ရပါတယ်..။
Photo Credit – Original Uploader
ကရင်ပြည်နယ် မြဝတီမြို့မှာလည်း ရေကြီးရေလျှံမှုကြောင့် နေအိမ်တွေအပေါ်ထိ မြွေတွေရောက်ရှိလာခဲ့ပြီ
း ပြည်သူတွေမှာ အခက်တွေ့နေကြရတယ်လို့ သိရပါတယ်..။
မြွေအကောင်ကြီးတွေ အိမ်ပေါ်ထိရောက်လာပြီး အိမ်ခေါင်မိုးပေါ်တွေမှာလည်း မြွေတွေ တက်လာတယ်လို့
ဒေသခံပြည်သူတွေကလည်း ပြောပြလာတာ ဖြစ်ပါတယ်..။
Photo Credit – Original Uploader
လက်ရှိအခြေအနေတွေမှာ ပြည်သူတွေဟာ အခက်အခဲတွေကြား အချင်းချင်း အားပေးကာ ဖေးမကူညီမှုတွေနဲ့
ဆိုးရွားတဲ့ကာလတွေကို ရင်ဆိုင်နေကြရတာဆိုလည်း မမှားပါဘူး..။
အခုလို အစစအရာရာခက်ခဲနေကြတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာအောင်
ဂရုတစိုက်နေထိုင်ရင်း အဆိုးတွေကို ဖြတ်ကျော်နိုင်ကြဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်..။
Photo Credit – Original Uploader