Wave moneyကနေSmsဝင်လာတယ်
ID No. ရယ် ငွေAmount 300000ရယ်
ဘာလဲဟ ဘယ်သူပို့တာလဲမသိဘူးဆိုပီးဖြစ်သွားတယ်
သေချာတာတော့ ကိုယ့်ကိုwaveနဲ့ငွေလွှဲဝင်ဖို့အကြောင်းအရာမရှိဘူး မှားဝင်လာတာပဲထင်တယ်ဆိုပီး
ဒီတိုင်းနေလိုက်တယ် တအောင့်နေတော့ UnknownNo.နဲ့Smsထပ်ဝင်လာပြန်ရော
Pass: 6လုံးနဲ့စာတစ်ချို့ရယ်ရေးထားတယ်
” ကိုထွန်း၃သိန်းလွှဲလိုက်တယ်. ၂သိန်းကဖေကြီးဆေးကုဖို့. ၁သိန်းကဆေးရုံသွားတဲ့အခါတခြားအသုံးစာရိတ်.
ကားသမားကိုကျွန်တော်ဖုန်းဆက်ထားပြီးပီလကုန်မှပေးလိုက်မယ်.
သူငယ်ချင်းဆီအကူညီတောင်းထားတယ် အဆင်ပြေရင်ထပ်ပို့လိုက်မယ် ” တဲ့
အဲ့ငွေ၃သိန်းကို ချက်ချင်းသွားထုတ်လို့ရတယ်
ဒါမဲ့သူရေးထားတဲ့smsကြောင့်ဘယ်လိုမှမယူရက်ဘူး
Sms ဝင်လာတဲ့ Ph no.ကိုခေါ်ပီး
နံပါတ်မှားလွှဲထားကြောင်းပြောလိုက်တယ်.
အကိုရေကျေးဇူးတင်ပါတယ်
ကျွန်တော်ညနေအလုပ်ဆင်းမှသွားပြောင်းလိုက်မယ်
မထုပ်ပဲခုလိုဖုန်းဆက်ပီပြောပေးတာ
ကျေးဇူးတင်ပါတယ်လို့ စိုးရိမ်တကြီးပြောသွားတယ်
စိတ်ချကျွန်တော်မထုပ်ပါဘူး ညနေသွားပြင်ပီးလွှဲလိုက်ပါလို့ပြောလိုက်တယ်.
ငါပြတာပဲဆိုပီး အချောင်စိတ်နဲ့ယူလိုက်မဲ့ငွေက
သူ့မိသားစုကျန်းမာရေးအတွက် သူကြိုးစားပီးရှာထားတဲ့
ငွေမှန်းသိလို့ မယူရက်ပါဘူး.
လူပီသဖူးခဲ့ပါပြီ.
Credit; Original Uploader
လူပီသဖူးခဲ့ပါပြီ.