အာဏာရှင်အဆက်ဆက်ကို မျိုးနဲ့ရိုးနဲ့တော်လှန်ခဲ့တဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်တို့မိသားစု
အိန္ဒြာကျော်ဇင်ကတော့ပရိတ်သတ်တွေအပြင်ပြည်သူတွေအားကျလေးစားရတဲ့ပြည်သူ့ချစ်မင်းသမီးကြီးပဲဖြစ်ပါတယ်။
တော်လှန်ရေးကြီးမှာလဲချစ်ခင်ပွန်း၊ချစ်တူမ၊ပြည်သူတွေနဲ့အတူလမ်းထွက်ကာ
လူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပြေတီဦး၊မေတိုးခိုင်တို့နဲ့
အတူအိန္ဒြာကျော်ဇင်ကပုဒ်မ၅၀၅ကနဲ့ မတရားအမှုဖွင့်ထားပြီးနေအိမ်မှာပဲ
မိသားစုများကိုခြိမ်းခြောက်ကာအဖမ်းဆီးခံလိုက်ရပါတယ်။ သရုပ်ဆောင်မေတိုးခိုင်ကတော့ပြီးခဲ့တဲ့ဇွန်လ
၃ဝရက်နေ့မှာပဲပြန်လည်လွှတ်လာပြီးတော့ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကယနေ့ထက်ထိပြန်လွှတ်မြောက်လာခြင်
းမရှိသေးပါဘူး၊အာဏာရှင်အဆက်ဆက်ကိုတော်လှန်ခဲ့တာဆိုရင်အိန္ဒြာကျော်ဇင်အဖိုးဖြစ်သူ
ကစခဲ့တာကိုလဲသူမရဲ့ပရိတ်သတ်တစ်ဦး ကအခုလိုပြောကြားထားပါသေးတယ်။
အဘိုးကတောခိုရင်းကျဆုံးသွားတယ်၊ဦးလေးက၈၈အရေးခင်းမှာထောင်ထဲကျဆုံးသွားတယ်၊
ခင်ပွန်းဖြစ်သူကဒီမိုကရေစီအတွက်ထောင်ထဲမှာ၊တူမလေးကလည်း
ဒီမိုကရေစီအတွက်ထောင်ထဲမှာရက်တော်ကြာပြီးပြန်လွှတ်လာတယ်။
ကျွန်မလား၊ဟုတ်ကျွန်မကထောင်ထဲကအလှလေးပေါ့ရှင်ဆိုပြီးတော့သူအရဲ့ခံစားချက်အတိုင်ကိုသူမရဲ့
ပရိတ်သတ်တစ်ဦးကအခုလိုရေးသားဖော်ပြထားပါတယ်။
crd-original