ၾကားသိသမွ်

ဆီးချို၊သွေးတိုးရောဂါအခံရှိတဲ့ မိဘနှစ်ပါးကို စိတ်ဓာတ်မကျစေဘဲ နေ့မနား၊ညမနားပြုစုပေးရင်း ရရှိလာတဲ့အတွေ့အကြုံကို ဖွင့်ဟလာတဲ့ ပန်းသော်တာ

သရုပ်ဆောင်ပန်းသော်တာကတော့ လက်ရှိအချိန်မှာ မိဘနှစ်ပါးနားမှာနေရင်း အရိပ်
တကြည့်ကြည့်နဲ့ပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။သူမရဲ့မိဘနှစ်ပါးက ကိုဗစ် positive ထွက်ခဲ့တာ
ရက်ပေါင်း(၁၉)ရက်ရှိသွားပြီဖြစ်ပါတယ်။ဒါ့အပြင် ဆီးချို၊သွေးတိုးရောဂါအခံရှိကြတဲ့ မိဘနှစ်ပါးလုံးကို
နေ့စဉ် Blood Pressure တိုင်း၊RBS ဖောက်၊SpO2 lvl နဲ့ PR စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။
ဒီရက်တွေမှာ မိဘနှစ်ဦးလုံးက ဆီးချိုတွေတက်လိုက်၊ကျလိုက်အပြင် သွေးပေါင်ကလည်း
အတိုး၊အလျော့တွေရှိနေခဲ့သေးတာဖြစ်ပါတယ်။

Photo Credit:Pann Thaw Tar’s Fb acc

Photo Credit:Pann Thaw Tar’s Fb acc

ပန်းသော်တာကတော့ မိဘတွေရဲ့အခြေအနေကို ဆရာဝန်နဲ့လည်းသေချာတိုင်ပင်ပြီး
ဆေးတွေနဲ့ပြန်ထိန်းခဲ့တာဖြစ်ပါတယ်။သွေးပေါင်ချိန်၊အောက်ဆီဂျင်အမှတ်၊ဆီးချိုအမှတ်တို့ကိုလည်း
မိဘနှစ်ပါးကို ပေးမသိတာဖြစ်ပါတယ်။ဒါ့အပြင် စားချင်စိတ်မရှိတဲ့ အဖေနဲ့အမေကိုလည်း


အဟာရပြည့်ဝမယ့်အစားအစာလေးတွေကို ချော့မော့ပြီး တစ်ယောက်တစ်ဇွန်းစီ ခွံ့ကျွေးခဲ့တာဖြစ်ပါတယ်။
အဓိကကတော့ သူမရဲ့မိဘနှစ်ပါးကို စိတ်ဓာတ်မကျစေဘဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေတာဖြစ်ပါတယ်။

Photo Credit:Pann Thaw Tar’s Fb acc

မိဘနှစ်ပါးကို အမြဲလိုလိုမှောက်အိပ်ခိုင်းပြီး ဘေးကနေလည်း ကျောကုန်းလေးကို
အသာအယာပုတ်ပေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ သူမရဲ့မိဘနှစ်ပါးလုံးက အစားအသောက်လည်း
အရမ်းစားပြီး အောက်ဆီဂျင်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်ပါတယ်။ပန်းသော်တာကတော့
ရောဂါဝေဒနာခံစားနေရတဲ့ မိဘနှစ်ပါးကို ပျော်ရွှင်အောင်ထားပြီး အနီးကပ်ပြုစုစောင့်ရှောက်ခဲ့တဲ့
အတွေ့အကြုံတွေကို ပြည်သူတွေဖတ်ရအောင်လို့ ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Pann Thaw Tar’s Fb acc
Source&Photo Credit:Pann Thaw Tar’s Fb acc