လက်ရှိမှာပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေကို အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကလည်
း ကြည့်မနေရက်တော့ဘဲ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ဘုရားသားတော်တွေဖြစ်တဲ့ ဘုန်းဘုန်းတို့ကလည်း
PPE တွေဝတ်ဆင်ပြီး ပြည်သူတွေရဲ့ဒုက္ခကို ဝိုင်းဝန်းဖြေရှင်းပေးနေကြတာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ
တစ်မြေတည်းနေ၊တစ်ရေတည်းသောက်နေတဲ့ ပြည်သူအချင်းချင်းက ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီလိုမျိုးနေထိုင်ကြတာဖြစ်ပါတယ်။
Photo Credit: Original Uploder
Photo Credit: Original Uploder
အခုဆိုရင်တော့ ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ မြစ်ကြီးနားသာသနာမှ Sr Ann Rosa Nu Tawng က ပြည်သူလူထုကိုမေတ္တာအပြည့်နဲ့
စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။Sister ကတော့ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး
အတူတူပါဝင်ပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သူမက ပြည်သူတွေကို သနားငဲ့ညှာပေးဖို့အတွက် ဒူးထောက်တောင်းပန်ခဲ့တဲ့အပြင်
ရှေ့ဆုံးကနေမားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ပုံရိပ်လေးတွေကလည်း ပြည်သူတွေရဲ့ရင်ကို လှုပ်ခတ်စေခဲ့ပါတယ်။
Photo Credit: Original Uploder
Photo Credit: Original Uploder
လက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ Sister က ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် တစ်တပ်တစ်အား အလေးထားဆောင်
ရွက်နေတာဖြစ်ပါတယ်။သူမကိုယ်တိုင် PPE ဝတ်စုံ ဝတ်ဆင်ပြီး အများကောင်းကျိုးကို ရှေ့ရှုနေတာဖြစ်ပါတယ်။အခုလိုမျိုး
မေတ္တာတရားပြည့်ဝတဲ့ Sister ရဲ့လုပ်ရပ်ကြောင့် ပြည်သူတွေကလည်း အရမ်းလေးစားနေကြတာဖြစ်ပါတယ်။
တိုင်းပြည်နဲ့ပြည်သူအတွက် သူမတတ်နိုင်တဲ့အားလေးနဲ့ ပါဝင်ကူညီနေတဲ့ Sister ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit: Original Uploder
Photo Credit: Original Uploder
Source&Photo Credit: Original Uploder