ၾကားသိသမွ်

ကိုဗစ်ကိုလက်နက်ချတာဟုတ်ရဲ့လား မအလ……

ကိုဗစ္ကိုလက္နက္ခ်တာဟုတ္ရဲ့လား မအလ……

မအလဟာမြန်မာပြည်ရဲ့ကိုဗစ်ကိုထိန်းမနိုင်တဲ့အတွက်လက်နက်ချ ပြီးနိုင်ငံတစ်ကာကိုဝင်ရောက်အကူညီပေးကြဖို့တောင်းဆိုလိုက်တယ်လို့ကြားပါတယ်

ကိုဗစ်မျိုးပွားဟာ ဘယ်သူတွေ လုပ်တယ်၊ဘယ်သူတွေဖြန့်တယ် ဆိုတာသိပြီး သားဘဲလေ၊အစကတည်းက ယုတ်မာချင်လို့လူမဆန်တဲ့လုပ်ရပ်ကြီး

ဒီကောင်တွေ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓတ်မျိုးတွေ၊အကုန်သေသွားရင်တောင် သူ့ဘက်ကသာနေရင်

အကူအညီတောင်းမဲ့လူစားမျိုးတွေမဟုတ်ဘူး

စကစကိုဘယ်နိုင်ငံမှ အသိအမှတ်မပြုတဲ့အတွက် နိုင်ငံတကာကိုခုတုံးမဲ့လုပ်နည်းကိုသုံးလာတဲ့သဘောထင်တယ်

နိုင်ငံတကာဝင်လာရင် သူတို့စခတွေဖော်ရှိုးတွေ လုပ်ပြမယ်၊ ပြည်သူကိုတစ်ကယ် ကူညီပါတယ်ဆိုပြီး

မပတ်သက်ချင်လည်း အတင်းဝင်ပြီးဖျာခင်းမဲ့သဘောပါ

နောက်တစ်ခုစကစမှာ တော်တော်အင်အားနည်းသွားပြီ၊ သူတို့တပ်ထဲလည်းနေ့စဉ်ကိုဗစ်ကြီးကဝင်သတ်

နေတော့ တဖြည်းဖြည်း လုံးပါးပါးနေတဲ့သဘောဖြစ်လာတယ်

ရှေ့တန်းထွက်ရင်လည်းအကုန်အသေဘဲ ၊မွှတ်ဟင်း နဲ့မြေသြဇာဖြစ်ကုန်တာ

တပ်တွင်းမှာလည်း စိတ်ဓတ်တွေပျက်ပြားလာကြတယ်

နည်းနည်းအသိတရားရှိတဲ့ကောင်ကထွက်ပြေးကုန်ကြပြီ၊အခုက ဘုမသိဘမသိ နလပိန်းတုန်းတွေရယ်၊DSAကျောင်းဆင်းဆိုတဲ့

မနူးမနပ်ဗိုလ်ရူးတွေဘဲကျန်တယ်

ကျနော်အထင်ကတော့ မအလဟာကိုဗစ်ကိုလက်နက်ချ တယ်ဆိုတာထက်

နိုင်ငံတကာကိုခုတုံးလုပ်ပြီး ထွက်ပေါက်တစ်ခုကို ကြံစည်နေခြင်းဖြစ်တယ်လို့ထင်တယ်ဗျ

ဒီကိစ္စကအရေးမကြီးပါဘူး၊ပြောပြရုံအဆင့်မျိုးဆိုပါတော့ ၊အဓိကကိုယ့်ပြည်သူတွေ အသက်ရှင်ဖို့အဓိကဖြစ်နေတော့

အမြန်ဆုံးဝင်လာပါစေလို့တော့ဆုတောင်းရတော့မှာပေါ့

မအလရဲ့လူမဆန်တဲ့စိတ်က ပြည်သူကိုစေတနာထားလို့တော့ထင်မနေနဲ ထွက်ပေါက်ပိတ်လာတဲ့ခါ သူ့ကိုကယ်

နိုင်မဲ့နည်းကိုရှာကြံတွေးပြီး ဖျာသည်လို လုပ်ပြမဲ့အပေါက်ကိုရှာနေခြင်းဖြစ်တယ်လို့ဘဲထင်တယ်

အဲဒါကတော့သေချာသလောက်ဘဲ

နေမိုး/တောင်ပိုင်းသား