ၾကားသိသမွ်

စခနဲ့ပေါင်းတဲ့ ပျူစောထီးနဲ့ ဖွတ်တို့ ကလိမ်ကျလိုက်တဲ့ မနေ့ကမင်းကင်းဖြစ်စဉ်


တစ်ဖက်လော်ဘီတွေရေးတာက PDFတွေ မြစ်ကိုဖြတ်ကူးနေတုန်းအဆော်ခံထိတာ၊

တိုက်ပွဲဖြစ်ပြီး အရေးနိမ့်တဲ့ပုံတွေရေးနေပါတယ်။ မောင်မြင့်ကတောူ့လူတွေရဲ့ဗျူဟာကောင်းတယ်

ဆိုပြီးချီးကျူးထားပြန်တယ်။ တကယ်က ကလိမ်ကကျစ်အကျခံလိုက်ရတာပါ။

ရဲဘော်သော်ဦးဆောင်တဲ့ PDF သူရဲကောင်း (၆၉)ဦးဟာ #ပျူစောLee တွေစုစည်းနေတဲ့

တောင်ဖြူရွာ(ဒလန်ရွာ)ကို နံနက်(၅)နာရီမှာ ဝိုင်းလိုက်တယ်လို့ဆိုပါတယ်။ နံနက်(၈)နာရီလောက်မှာ ရွာထဲက

အပြစ်မဲ့ပြည်သူတွေက ညှိအောင်ခေါ်လာလို့ လက်နက်တွေထားခဲ့ပြီး လိုက်သွားတဲ့ PDF (၅၇)ဦးဟာ

ပျူစောLee တွေရဲ့ကျော့ကွင်းထဲကိုဝင်ရောက်အဖမ်းခံခဲ့ရပါတယ်။ မယုံကြည်လို့ ရွာ့အပြင်မှာ

ကျန်နေခဲ့တဲ့ PDF(၁၂)ဦးကတော့လွတ်မြောက်လာခဲ့တယ်လို့ဆိုတယ်။

နေ့လည်(၁)နာရီမှာ မင်းကင်းကနေ စစ်ခွေး(၅၀)ခန့်ဟာ ရေယာဉ်နဲ့ တောင်ဖြူရွာကို လာပြီး PDF

ရဲဘော်တွေကိုလက်လွှဲရယူတယ်လို့ဆိုတယ်။ အနှိပ်စက်ခံရမယ်။ အသက်အန္တရာယ်အပြုခံရမယ်။ ကွင်းဆက်တွေပါ

တောနင်းဖြိုခွင်းခံရမယ်။ ကြိုတင်ပြင်ဆင်ထားကြရမယ်။

သင်ခန်းစာကတော့ PDF သူရဲကောင်းများအနေနဲ့ စကစနဲ့ပတ်သက်ရင် ပျူစောLee ကိုလည်းမယုံနဲ့။ ဖွတ်ကိုလည်းမယုံနဲ့။

အပြစ်မဲ့ပြည်သူလို့ပြောပြီး သပ်လျှိုမယ့် Gen Lee တွေကိုလည်းမယုံနဲ့။ မနေ့ကမင်းကင်းကိစ္စမှာ

ဝမ်းနည်းဖို့ကောင်းပေမယ့်၊ စိတ်ဓါတ်ကျစရာမလိုဘူး။

(၅၀)ကျရင်(၅,၀၀၀)တက်ပါလိမ့်မယ်။ အဓိကကတော့ PDF ကိုအားကောင်းအောင် ဝန်းရံပေးဖို့ပါပဲ။

ဂုဏ်တော်ကွန်ချာရွတ်နေရုံနဲ့ PDF က တန်ခိုးထွားလာမှာ မဟုတ်ဘူး။ တတ်နိုင်တဲ့ဖက်က ဖြစ်သလို ပံ့ပိုးနိုင်အောင်ကြိုးစား။

ဒါဟာ တိုင်းပြည်ကိုကယ်တင်ခြင်းပဲ။

Chit Hmwe Kalay