ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့
လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ မိဘမဲ့ဂေဟာကိုလည်း
ကိုယ်တိုင်ဦးဆောင်ကာဖွင့်လှစ်ထားတဲ့အပြင် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်
စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။
Photo credit- Khine Hnin Wai’s Facebook acc
Photo credit- Khine Hnin Wai’s Facebook acc
ဒါ့ပြင်ခိုင်နှင်းဝေဟာ ကိုဗစ်လူနာတွေအတွက်လည်း အောက်ဆီဂျင်တွေမှာယူကာ တတ်နိုင်သရွေ့လှူဒါန်းပေးနေတာလည်းဖြစ်ပြီး
အခုအခါမှာလည်း ဆင်းရဲချို့တဲ့လှတဲ့ပြည်သူတွေအတွက် ကာလဒါနအလှူလေးတစ်ခုထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကို ခုခံဖို့အတွက် အာဟာရဓာတ်ပြည့်ပြည့်၀၀ရဖို့ အင်မတန်အရေးကြီးပါတယ်။
ကြက်ဥမှာအာဟာရဓာတ်ပြည့်ပြည့်၀၀ပါ၀င်တာကြောင့် လတ်တလောမှာဆိုရင်၀ယ်ယူသူတွေများနေပြီး
ကြက်ဥဈေးတွေတက်ကာ လူတိုင်းမ၀ယ်နိုင်ဖြစ်နေကြရတာပါ။
Photo credit- Khine Hnin Wai’s Facebook acc
Photo credit- Khine Hnin Wai’s Facebook acc
ဒါကြောင့်လည်း ခိုင်နှင်းဝေဟာ သူမရဲ့ Facebookစာမျက်နှာမှာ “ကြက်ဥ အလုံး (၁)သောင်းကို ကာလဒါန
အလှုအဖြစ် လှူဒါန်းပေးခဲ့ပါတယ်ရှင်.နေမကောင်းတဲ့ သူတွေများနေတဲ့ အတွက် စိတ်ပူလို့ တစ်ရပ်ကွက်လုံး
ဆေးလဲ ဖြန်းပေးခဲ့ပါတယ်..ခုနှစ်ရက် သားသမီး အားလုံးရဲ့ စုပေါင်း ကုသိုလ် အလှူလေးလဲ ဖြစ်ပါတယ်…
အားလုံးလဲ အမြန် ကျန်းမာလို့ အဆင်ပြေပါစေရှင်……” ဆိုပြီး အလှူလေးပြုလုပ်ကာ ရေးသားမျှဝေလာခဲ့ပါတယ်။
ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo credit- Khine Hnin Wai’s Facebook acc
Photo credit- Khine Hnin Wai’s Facebook acc
သတင်းအရင်းမြစ်: Khine Hnin Wai’s Facebook acc
Credit;