လက်ရှိကိုဗစ်အခြေအနေမှာတော့ သားသမီးတွေက မိမိတို့ရဲ့မိဘတွေ ကိုဗစ်ကူးစက်ခံလိုက်ရတဲ့အခါအစစအရာရာ
သေချာဂရုစိုက်ပေးကြတာဖြစ်ပါတယ်။မိသားစုဝင်တွေရဲ့ ပြုစုမှုကြောင့် တချို့ကိုဗစ်လူနာတွေလည်း ရောဂါသက်သာ
ပျောက်ကင်းလာကြတာတွေလည်း ရှိပါတယ်။တချို့ကိုဗစ်လူနာတွေကတော့ အောက်ဆီဂျင်ကျလာပြီး
အောက်ဆီဂျင်အိုးနဲ့ရှူနေရတဲ့အခြေအနေတွေရှိပါတယ်။မိသားစုဝင်တွေကတော့ အောက်ဆီဂျင်အိုးရဖို့အတွက်လည်း
နေရာအနှံ့ရှာဖွေရပြီး တချို့နေရာတွေမှာဆိုရင် စျေးကြီးပေးဝယ်ရတာတောင်ရှိပါတယ်။
Photo Credit: Original Uploder
Photo Credit:Phoe Thin Gyan’s Fb acc
မနေ့ကဆိုရင်တော့ မန္တလေးမြို့၊တံတားဦးမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက သူ့ရဲ့ဖခင်အတွက် အောက်ဆီဂျင်ကိုတစ်နေ့လုံး
မနားမနေလိုက်ရှာနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြည်သူကတော့ အောက်ပိုင်းမသန်ပေမယ့် စွမ်းဆောင်ရည်ရှိလို့ ဖခင်အတွက်
နံနက် (၆)နာရီကတည်းက အောက်ဆီဂျင်ပေးတဲ့နေရာတွေကို ဆိုင်ကယ်လေးမောင်းပြီး ရလိုရငြားသွားခဲ့တာဖြစ်ပါတယ်။
ညကတည်းက တစ်ရေးမှမအိပ်၊ထမင်းလည်းမစားဘဲ အောက်ဆီဂျင်လိုက်ရှာခဲ့ပေမယ့် ဟိုလူကမောင်းထုတ်၊
ဒီလူကနှင်ထုတ်နဲ့လည်း ကြုံခဲ့ရပါတယ်။
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc
နေရာစုံကိုရောက်ခဲ့တဲ့ အဲ့ဒီပြည်သူကတော့ နောက်ဆုံးအောက်ဆီဂျင်မရတော့လို့ သီရိဆင်ကာလူမှုကူညီရေးအသင်း၊
အမရပူရမြို့ကို ညနေဘက်ရောက်မှ ဆက်သွားခဲ့တာဖြစ်ပါတယ်။လူမှုကူညီရေးအသင်းက အဖွဲ့တွေကလည်း ဖခင်အတွက်
ဇွဲကောင်းလွန်းတဲ့ အဲ့ဒီပြည်သူကို ကိုယ်ချင်းစာနာပြီး သူလိုချင်တဲ့ အောက်ဆီဂျင်ကိုပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး
စေတနာရှေ့ထားပြီး ကူညီပေးတဲ့ လူမှုကူညီရေးအသင်းကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်။မိဘအတွက်ဆို
အရာရာပေးဆပ်ရဲတဲ့ အဲ့ဒီပြည်သူရဲ့စိတ်ဓာတ်ကို လေးစားမိလို့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc
Source:Phoe Thin Gyan’s Fb acc
Video Credit:Phoe Thin Gyan’s Fb acc