ၾကားသိသမွ်

ဝိနည်းလွတ်ရုံလေး ကူညီပြလိုက်တဲ့ ယူအန် နဲ့ ပြည်သူတွေကို အချိုသတ် အာရုံလွဲလိုက်တဲ့ စ က စရဲ့ ဂျင်း

ဒါတွေဟာ ဂျီနိုဆိုက်မြောက်တယ်အော်နေလို့လည်း အခုချိန်မှာ ဘာမှမထူးပါဘူး

UNHCR ဗီနိုင်းချိတ်ပြီး မင်းတပ်ကို မစို့မပို့လာလှူသွားကြတာလည်း ထူးအယ်လင်းနဲ့ အတူတူပဲ စစ်ဘေးရှောင်တွေရဲ့နေရာကို စစ်ခွေးတွေသိအောင် ပြပေးလိုက်သလိုပဲ … အဲဒီတုန်းကလည်း လှူတဲ့အထဲမှာ ဗူးနဲ့ထည့်ထားတဲ့ ထမီတွေပါတာတွေ့လို့တောင် အံ့ဩရသေးတယ်

UNHCR က ငနဲတွေ တယ်စေ့စပ်ပါလားပေါ့ ဒါပေမယ့် နယ်စပ်ပုံမှန်အဝင်လမ်းကို ထိန်းချုပ်နိုင်ဆဲဖြစ်တဲ့ စကစ က မသိလိုက်ပဲ ဒီကားတွေဝင်လာဖို့မဖြစ်နိုင်ဘူးဆိုတာရယ် … ထမီဗူးတွေရယ် ဆက်စပ်စဉ်းစားလိုက်တဲ့အခါ UNHCR နဲ့ လက်ဝါးရိုက်လုပ်လိုက်တဲ့ လှည့်ကွက်တခုအဖြစ်စဉ်းစားလို့ရလာပါတယ်

UN အနေနဲ့လည်း မြန်မာကို ဘာအကူအညီမှမပေးဘူးလားလို့ ကမ္ဘာကဝိုင်းအော်နေတဲ့အတွက် ဝိနည်းလွတ်ရုံလေးကူညီပြလို့ရသွားသပေါ့ မကူညီပြန်ရင်လည်း ဘာစောက်ဖြစ်မှမရှိတဲ့ UN လို့ အယုံကြည်ကင်းမဲ့ခံရမယ့်ဘေးက လွတ်ရုံလေးလုပ်ပြသွားတာပေါ့

ဒီသတင်းဟာ UNHCR ရဲ့ twitter မှာတောင် တွေ့ရတာမို့ ဒီလှိမ့်လုံးကို UN ကိုယ်စားပြုတင်နိုင်အောင် ကာဗာလုပ်ပေးတဲ့ ချီးနား၊ နှပ်ကြောင်းပေးတဲ့ချီးနားကိုတော့ လျှော့တွက်မရပါ

စကစ ဘက်ကလည်း ကိုဗစ်ကြောင့် ဒေါသအဟုန်တက်လာတော့မယ့်လူထုကို UN ကပဲ ဝင်တော့မယ့်ဟန် ကယ်တင်ရှင်တွေရောက်တော့မယ့်ဟန် ဂျင်းထည့်လွှတ် လို့ရသွားတာပေါ့

အမယ်…အမည်မဖေါ်ပြနိုင်တဲ့ ပဲခူးရိုးမတစ်နေရာမှာတောင် အဲဒီနေ့က UNHCR ကားတွေ ရောက်နေဆိုပဲ

ဖြစ်ပေါ်နေတဲ့ သတင်းလှိုင်း(torrents)တွေအပေါ် ပုံစံတူလှိုင်းတွေနဲ့ စစ်တပ်ဆိုက်ဝါးတွေက ထပ်ဆင့်လွှတ်ပြီး ပကတိအခြေအနေကို ဖုံးလွှမ်းအောင် အမြဲပြုမူလေ့ရှိတာကို သတိပြုပါ .. စာရင်းချုပ်လိုက်တော့ မင်းတပ်စစ်ဘေးရှောင်နဲ့ ပီဒီအက်ဖ်ပဲ အလှော်ခံလိုက်ရတယ်

မနေ့ကသတင်းမှာ ကနီကိုလည်း ဖိနေတယ် ပီဒီအက်ဖ် လက်စောင်းထက်တဲ့နေရာတွေကို သာလွန်အင်အားသုံးပြီးဖြိုနေပုံပဲ EAOs အဟောင်းတွေနဲ့က နားလည်မှုရပြီးသားလေ .. အသစ်ဖြစ်လာတဲ့ ချင်း CDF နဲ့ ကနီ ရွှေဘိုတို့ကိုပဲ ဖိမယ်

ကယား KPDF တွေကို နာလံမထူအောင် သတ်ဖြတ်ပြတာလည်း ဒီသဘောပဲ .. အဟောင်းတွေကတော့ ကိုယ့်ရှိတဲ့အင်အား ထုတ်အသုံးမချပဲ ဟိုနားတကွက် ဒီနားတကွက် တိုက်ပွဲဖြစ်ရုံ မခို့တရို့လေးတွေလုပ်နေတယ်

လုပ်မှာပေါ့ ..ချီးနားက‌ပစ္စည်းတွေ လက်နက်က အစ ယူနီဖေါင်းအဆုံး..ကင်းမှ မကင်းနိုင်ကြသေးတာ ဒါတောင် ကိုဗစ်ကာကွယ်ဆေးထပ်ပို့ပြီး ကျေးဇူးတရားတွေနဲ့ ရိုက်သတ်လို့ရအောင်လုပ်ထားတာခံနေရပြန်တယ်

လူလုပ်ကိုဗစ်ပိုးဒဏ်၊ လူလုပ်ရာသီဥတုဘေးဒဏ်နဲ့၊ လူမဟုတ်တဲ့ကောင်လုပ်တဲ့ အာဏာသိမ်းမှုတွေကြောင့် မြန်မာ့လူထုဘဝတွေလည်း စုတ်ပြတ်သတ်နေပါပြီ .. ခင်းကျင်းထားတဲ့အခြေအနေအရ ပြည်သူကို ညှာတာဖို့မရှိပါ

အသတ်ခံမလား ပြန်သတ်မလား..ရွေးချယ်စရာဒါပဲရှိပါတယ်

ဘာမှမတတ်နိုင်လို့ ပြေးပုန်းနေမယ်ဆိုရင်လည်း မင်းတပ်မှာလို အကူအညီ လာပေးဟန်ဆောင်တဲ့လူတွေကိုတွေ့တာနဲ့ထွက်မလာပါနဲ့

အသတ်မခံချင်ရင် ကိုယ်ကအရင်ဦးအောင်သတ်မှဖြစ်ပါတော့မယ်.. အခုချိန်မှာတော့ လူထုရဲ့စိတ်ဓါတ်ဟာ ညှိုးငယ်ပူဆွေးနေရလို့ အားနည်းနေတဲ့အချိန်ပါပဲ

ဒါပေမယ့် အံ့အားသင့်လောက်စရာရက်စက်မှုတွေကို ခံနိုင်ရည်ရှိလာတဲ့အခိုက်အတန့်တခုရောက်လို့ ခဏတာတည်ငြိမ်စွာနဲ့ ကိုယ့်ဘဝကိုယ်ပြန်သုံးသပ်ခွင့်ရခဲ့ရင်

ယခုဖြစ်နေတဲ့ အခြေအနေဆိုးအားလုံးဟာ ချီးနားရဲ့လောဘနဲ့ မအလတွေရဲ့ အာဏာရူးမှုကြောင့်ဖြစ်လာရတယ်ဆိုတာ အမှန်အတိုင်းပြန်မြင်မိလာမှာပါ

အဲဒီအခါမှာ အနိုင်ကျင့်ခံရမှုကြောင့်ခံပြင်းချက်အပေါ် ရက်စက်ခံရမှုကြောင့် နာကျည်းချက်တွေထပ်ပေါင်းပြီး ချိတ်ဆက်စည်းလုံးပြင်းထန်စွာတုန့်ပြန်ကြရအောင်ပါ

ဒါက ကိုဗစ်နဲ့ရေကြီးရေလျှံဒေသတွေအတွက်ပြောတာပါ ကျန်ဒေသများကတော့ စခ ရခများကို
ပြောက်ကျားစံနစ်နဲ့လက်ဦးမှုရယူချေမှုန်းကြဖို့ပါ

KST.