ၾကားသိသမွ်

Covid လူနာတွေအတွက်ရှေ့တန်းကနေ ကူညီပေးနေကြတဲ့ပရဟိတအဖွဲ့တွေဆီကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ နန်းခင်ဇေယျာ

လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ

တစ်နေ့တစ်ထက်တစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။

အခုလို ကိုဗစ်လူနာတွေအတွက် ရှေ့တန်းကနေကူညီပေးနေကြတဲ့သူတွေကတော့ ပရဟိတအဖွဲ့

အစည်းတွေပဲဖြစ်ပါတယ်။ ပရဟိတလူငယ်လေးတွေဟာ ကိုယ့်အတွက်ကိုယ်တောင်မငဲ့ပဲ ကိုဗစ်လူနာတွေကို

ကူညီကယ်တင်ပေးနေကြတာကို ပရိသတ်တွေလည်း မြင်ကြမယ်ထင်ပါတယ်။

Photo credit-​ Nang Khin Zay Y‌ar’s Facebook acc

Photo credit-​ Nang Khin Zay Y‌ar’s Facebook acc

အခုလိုရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ကူညီပေးနေကြတဲ့ ပရဟိတအဖွဲ့အစည်းတွေအတွက် နန်းခင်ဇေယျာဟာ

တတ်နိုင်တဲ့ဘက်ကနေ PPE၀တ်စုံတွေလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့

Facebookစာမျက်နှာမှာ “COVID ကပ်ရောဂါဆိုးကာလကြီးမှာ ရှေ့တန်းမှာတိုက်စစ်မှူးများပီပီ မိမိရဲ့

အသက်ကိုပင်မငဲ့ကွက်ပဲ စေတနာအရင်းခံဖြင့် ကူညီဆောင်ရွက်နေတဲ့ ပရဟိတအသင်းများကို နန်းခင်

တတ်နိုင်တဲ့ဘက်မှ ပါရမီဖြည့်ခွင့်လေးရခဲ့ပါတယ်။

Photo credit-​ Nang Khin Zay Y‌ar’s Facebook acc

နောက်အခေါက်အလှူများမှာလည်း ဒီထက်မက ပိုလှူနိုင်အောင် ကြိုးစားသွားပါမယ်ရှင့်။ မြန်မာပြည်သူပြည်သားများအားလုံး

လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော ဘေးဒုက္ခ၊ ကပ်ရောဂါ အပေါင်းမှ အမြန်ဆုံးကင်းဝေးကြပါစေ။ …”ဆိုၿပီး ေ

ရးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Nang Khin Zay Y‌ar’s Facebook acc

Photo credit-​ Nang Khin Zay Y‌ar’s Facebook acc

Source; Myanmar Load