ၾကားသိသမွ်

အကြမ်းဖက် စကစအား အမြစ်ဖြတ်မည့် နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ် သီအိုရီ

နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ် သီအိုရီ

ခု တော်လှန်ရေးက အနေထား အခြေနေက ရှင်းတယ် !!
(၁)
NUG ဟာ ပြည်သူ့အစိုးရဖြစ်သည့်အတွက် (လိုတိုးပိုလျော့ အားနည်းတာရှိပေမယ့် အပြစ်မမြင်ပဲ ဝေဖန်အကြံပြု စိတ်ရှည် သီးခံပြီး)
စက်တင်ဘာမှာ NUG အစိုးရ အနိုင်ရရှိအောင် တရားဝင် အစိုးရဖြစ်အောင် ပြည်သူလူထုမှ ယခုထက် ပိုမိုပြီး ဝန်းရံ ကူညီ ထောက်ခံပေးရမည်
ဒါမှ စကစကို အနိုင်ရရှိပြီး တော်လှန်ရေး အောင်မြင်မည်ဖြစ်သည်

(၂)ပြည်ပနိုင်ငံအဖွဲ့စည်းများကို ယုံကြည် အားကိုးမှု သိပ်မရှိသော်လည်း သံတမန်နည်းနဲ့ ဥပဒေလုပ်ထုံးနည်းများအရ စည်းဘောင်ထဲက
သွားနေရသည့်အတွက် အချိန်ပေး စိတ်ရှည် စောင့်စွာဖြင့် တရားဥပဒေဘောင်ထဲမှနေ အောင်ပွဲကို အရယူကြရမည်ဖြစ်သည်
ထိုနည်းလမ်းမှအပ အခြားမရှိပါ

(၃)သို့သော် အထပ်ပါ အပေါ်နှစ်ချက်သည် စက်တင်ဘာ ကူလအစည်းဝေးအဆုံးဖြတ်မှာ ရလာဒ်ကောင်း မထွက်ပေါ်ခဲ့ရင်သော်လည်းကောင်း ၊


ထွက်ပေါ်လာမှုရလာဒ်ကို စကစမှ လက်မခံသော်လည်းကောင်း ထိုအချိန် ဘယ်နည်းနဲ့မဆို D Day စတင်ပေါက်ဖွားလာမှာ ဖြစ်တဲ့အတွက်

အနိုင်ရရှိသူ NUG နဲ့ ပြည်သူအတွက် နိုင်ငံ့အစိုးရတရပ်အသွင်နဲ့ ဘောင်အတွင်းမှ တရားဝင်ရပ်တည်ခွင့် ရရှိသွားပြီ ဖြစ်တဲ့အတွက် ပြည်ပအကူညီများ ရရှိနိုင်မှု အခွင့်လမ်း ပိုများသလို_ရရှိပြီး စကစအား စစ်ရေးဖြင့် အမြစ်ပြတ် ဖြုတ်ချနိုင်မည်ဟု ယုံကြည်သည်
ထိုအတွက်

– US နဲ့ China မြန်မာ့အရေး ‌ဆွေးနွေးမှု
– US ကာဝန်မှ စကစလုပ်ရပ်အား လက်မခံနိုင်ဘူး ဟု တရားဝင် ထုတ်ပြန် ပြောကြားမှု
– အကျိုးရလာဒ်ထိခိုက်လာရင် စစ်ရေးနဲ့ပဲ ဖြေရှင်း မယ်ဟု US မှ တျုတ်အား အတိလင်း ထုတ်ဖော်
ပြောကြားမှု

– စင်ကာပူမှာ လေယာဉ်သဘော် ဆီဖြည့် ဆိုက်ကပ် မှုနဲ့ ပျံသန်းခွင့် သဘောတူညီထားမှု
– US ရော UK ရော အာရှရေပြင်မှာ တပ်ဆွဲထားမှုနဲ့ တောင်ပင်လယ်ကို ကျုးကျော်ပြထားမှု
– ဘဂ်လားဒေရှ့်ဘက်မှာ UN စစ်ကားတွေ လှုပ်ရှား ရွေ့လျားနေမှု

ဒါတွေကို ဆက်စပ်တွေးကြည့်ရင်တော့ စက်တင်ဘာဟာ အခြေနေတခုကို ယတိပြတ် ပြောင်းလဲ ရွေ့သွားနိုင်တယ်လို့ ခန့်မှန်းမိတယ်

အကယ်၍ ပြင်ပအဖွဲ့စည်းတွေက ထိုသို့ပြောင်းလဲအောင် မလုပ်ဆောင်နိုင်ခဲ့ရင်တောင်မှ NUG ဟာ သူ့တာဝန် ကျေပြီဖြစ်တဲ့အတွက် ပြည်တွင်း ပြည်သူအားအတွက် နောက်ထပ်မျှော်လင့်စရာ အခြေနေက အနိုင်ထွက်ပေါက်အတွက် D Day ပဲ ကျန်တော့သည်ဖြစ်၍

ပြည်သူနိုင်ငံအတွက် ပြည်ပနဲ့ချိတ်ဆက်မှုမှာ လုပ်ဆောင်မှုအရ ၇၀% ပြီးသွား၍ ပြည်တွင်း D Day သာ မစမဖြစ်စပြီး စကစအား အမြစ်ဖြတ်တော့မှာ ဖြစ်ကြောင်း ယူဆမိ၍ ထိုအချိန်ကြရင်လည်း ပြင်ပမှ နွေဦးတော်လှန်ရေးအား ဝင်စွတ်ဖက်လို့ မရပါကြောင်း

အကြောင်းက ပြည်သူ့အစိုးရသည် ကမ္ဘာသိ NUG ဖြစ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်သည် EAOsနဲ့ PDF တွေဆိုတာ ပြည်ပအဖွဲ့စည်းတွေ လက်မခံချင်လည်း လက်ခံပြီး နွေဦးတော်လှန်ရေး၏ အဆူံးသတ်ဖြစ်တဲ့ ပြည်တွင်းစစ်ကို သမာသမက်ကျစွာဖြင့် လက်ခံပေးရတော့မှာ ဖြစ်လေသည်

ထိုအတွက် ယုံကြည်ပါသည် ကမ္ဘာ့နိုင်ငံ အဖွဲ့စည်းတွေမှ အနိုင်ရရှိသူ NUG နဲ့ ပြည်သူဘက်သို့ သဘောတူ ပါဝင် ပူးပေါင်းပြီး သူတို့ တာဝန်ရှိသောအရာများကို ကူညီ ပံ့ပိုးပေးကြပြီး စကစကို အမြစ်ဖြတ်ဖို့ နွေဦးတော်လှန်ရေး၏ နိဂူံးအား အဆုံးသတ် ပြီးပြတ်စေဖို့ ကိုယ်တိုင်လက်ခံမှုနဲ့ အားပေး ဝန်းရံကြမည်ဆိုတာ

သို့အတွက်ကြောင့်လည်း အထက်ပါအချက်လက်တွေအား သူတို့ကိုယ်တိုင်လုပ်နေကြပြီး ထိုအချက်လက်တွေ ထွက်ပေါ်လာနေတယ်ဆိုတာ ယုံမှားသံသယမရှိနဲ့ ထိုအတွက် စက်တင်ဘာ အဆုံးဖြတ်‌ တော်လှန်ရေးခရီး အောင်ပွဲအတွက် ဆက်လျက် သီးခံ တောင့်ထားကြပါစို့လားဟု အသိပေးရင်း အရေးတော်ပုံ မုချကို အောင်ရမည်ဟု ယုံကြည်လျှက် !!
#မင်းကြည်ညိုနေ