ၾကားသိသမွ်

တစ်ရက်လျှင် လူ(၃၀၀၀) ကျော် သင်္ဂြိုဟ်နိုင်ရန်အတွက် ပြင်ဆင်နေတဲ့ အမျှော်အမြင်ကြီးမားသော စစ်ကောင်စီ

အ​မျှော်အမြင်ကြီးမား​သော စစ်​ကောင်စီက တရက်လျှင် လူ(၃၀၀၀) ​ကျော် သင်္ဂြိုဟ်နိုင်ရန်အတွက် ပြင်ဆင်​နေ။

၂၀၂၁ခုနှစ်၊ဇူလိုင်၂၈ရက်။

(အောက်ဆုံးတွင် ဗီဒီယိုဖိုင် တင်ပေးထားပါသည်။)

ဇူလိုင် (၂၇)ရက် ည (၈)နာရီကထုတ်လွင့်​သောစစ်​ကောင်စီ ဝါဒဖြန့် MRTV သတင်း ကြေညာချက်အရ

ရန်ကုန်မြို့ရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ရန် မီးဖို (၁၀) လုံးကို တစ်ပြိုင်တည်း တည်ဆောက်နေကာ ပြီးစီးပါက

တစ်ရက်လျှင် သေဆုံးသူ ၃၀၀၀ ကျော် သင်္ဂြိုဟ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့ သည် ရေဝေးသုသာန်၌

အသစ်တည်ဆောက်နေသည့် ငါးပေါက်တွဲ နှစ်တွဲပါ မီးဖို ငါးလုံး တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊

အဆိုပါ တည်ဆောက်နေသည့် မီးဖိုများ ပြီးစီးသွားပါက သေဆုံးသူ ၅၀ ကို တစ်နာရီအတွင်း ပြီးစီးအောင် တစ်ပြိုင်တည်း

မီးသင်္ဂြိုဟ်နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် သေဆုံးသူ ၁၀၀၀ ဦးကျော် သင်္ဂြိုဟ်နိုင်မည် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ

ဆောင်ရွက်လျက်ရှိသော သုသာန်များတွင် ယင်း ငါးပေါက်တွဲ နှစ်တွဲပါ မီးဖို ၁၀ လုံးကို တစ်ပြိုင်တည်း

တည်ဆောက်လျက်ရှိပြီး အဆိုပါ တည်ဆောက်မှုပြီးစီးပါက တစ်ရက်လျှင် သေဆုံးသူဦးရေ ၃၀၀၀ ကျော်ကို

သင်္ဂြိုဟ်နိုင်မည်ဖြစ်ကြောင်း MRTV သတင်း ကြေညာချက်အရ သိရသည်။

ကိုဗစ်၁၉ ကူးစက်နှုန်းနှင့် ​သေဆုံးနှုန်း အများဆုံး ဖြစ်​​နေသော ရန်ကုန်တိုင်းအတွက် ယခုကဲ့သို့

ကာကွယ်​ရေး အစီအစဥ်တခု ကို စစ်​ကောင်စီက ပြုလုပ်ခြင်း ဖြစ်ပါသည်။