မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကူးစက်မှုအခြေအနေတွေကြောင့်
ပြည်သူတွေအနေနဲ့ စား၀တ်နေရေးကြပ်တည်းနေကြတဲ့အပြင် သေဆုံးသူဦးရေတွေဟာလည်း
နေ့စဉ်နဲ့အမျှ ထောင်နဲ့ချီနေတာဖြစ်ပါတယ်။ အခုလို အခြေအနေအမျိုးမျိုးကြောင့် ပြည်သူချင်း
ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြပြီး တတ်နိုင်တဲ့ဘက်ကနေ ငွေကြေး၊အစားအသောက်၊
ဆေးဝါးစတာတွေကို ကူညီပေးနေကြတာကိုတွေ့ရပါတယ်။
Photo credit-Original Uploader
Photo credit-Original Uploader
အခက်အခဲဒုက္ခတွေကြားမှာ ပြည်သူချင်းသာလျှင် စေတနာရှေ့ထားပြီး ရရာနည်းလမ်းနဲ့အချင်းချင်း
ထောက်ပံ့ပေးနေကြရတာပါ။ အလံဖြူ၊ အလံဝါထောင်ထားကြတဲ့အိမ်တွေ တွေ့ရင်လည်း ပြည်သူချင်း
ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြတာကိုတွေ့ရပြီး အခုအခါမှာဆိုရင်လည်း စေတနာရှင်ပြည်သူတစ်ဦးဟာ
ဟင်းသီးဟင်းရွက်တွေကို စတုဒီသာပြုကာ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
Photo credit-Original Uploader
Photo credit-Original Uploader
ဒီပုံရိပ်လေးတွေဟာဆိုရင် လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံနေပြီး ချီးကျူး၀မ်းသာကြတဲ့ မှတ်ချက်တွေလည်း
အများအပြားရခဲ့တာဖြစ်ပါတယ်။ အလှူရှင်ဟာ သူ့ရဲ့အိမ်ရှေ့မှာ ဟင်းသီးဟင်းရွက် အစုံအလင်ကို
သန့်ရှင်းသပ်ရပ်စွာနဲ့ခင်းကျင်းပေးထားပြီး ကြပ်တည်းနေကြတဲ့ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Photo credit-Original Uploader
source; MM Load