ခုဆိုရင် ကိုဗစ်ရောဂါကြောင့် သေဆုံးနေကြသူတွေ မရေမတွက်နိုင်အောင် များပြားလွန်းလို့ မီးသင်္ဂြိုဟ်တဲ့
နေရာတွေလည်း မလုပ်နိုင်တော့တဲ့ အထိပါပဲ ။ ပရဟိတ ကားတွေလည်း သေဆုံးသူ လူနာတွေကို
တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်ကောက်ရလွန်းလို့ ကားပေါ်မှာဆိုရင်လည်း အလောင်းတွေ များစွာ
စုထည့်ရတာကို စိတ်မကောင်းစွာတွေ့ရပါတယ် ။
ပြည်သူတွေ ကိုဗစ်ရောဂါကို အလူးအလဲ ရင်ဆိုင်ရတဲ့ အပြင် သေဆုံးသွားရင်တောင် မီးသင်္ဂြိုဟ်ဖို့
တုံကင်အမှတ်ကိုင်ပြီး မိသားစုဝင်တွေ ခမျာ ထိုင်စောင့်နေကြရတာပါ ။ ကိုယ့်မိသားစုဝင် သေဆုံးလို
ပူဆွေးရတာတစ်ကြောင်း Dead Body ကို မီးမရှို့နိုင်သေးတဲ့ အဖြစ်က တစ်မျိုး ဘယ်လောက်တောင်
သောကတွေ များကြရမလည်းဆိုတာ ကိုယ်ချင်းစာမိတာ အမှန်ပါပဲ ။
Photo Credit : Original Uploader
Photo Credit : Original Uploader
ဒီလို အလောင်းတွေများလို့ အလျင်အမြန် မီးမသင်္ဂြိုလ်နိုင်တာကြောင့် မနေ့ကဆိုရင် သေဆုံးသူတွေကို
အမှိုက်ပုံးကြီးတွေထဲ စုပြုံထည့်ကာ မီးရှို့ဖြေရှင်းနေကြတဲ့ ပုံရိပ်တွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ
ပျံ့နှံ့နေပါတယ်။ ပုံတွေကြည့်ပြီး ပြည်သူအားလုံး စိတ်မကောင်းဖြစ်နေကြတာကိုလည်း များစွာတွေ့ရပါတယ်။
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးရင်း အားလုံးပဲ ဂရုတစိုက်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ။