မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ (၁)ရက်နေ့ကနေ စတင်ပြီး ပြည်သူ့အာဏာသိမ်းယူပြီးနောက်
အပြစ်မဲ့ပြည်သူ (၉၀၀)ကျော်လောက် သေဆုံးခဲ့ပြီး ပြည်သူ (၅၀၀၀)နီးပါးလောက်ဟာ
မတရားဖမ်းဆီး ချုပ်နှောင်းခံထားရပါတယ်။ လက်ရှိ မြန်မာပြည်သူတွေဟာ အာဏာသိမ်းမှုနှင့်
ပြန်လည်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကြား ပြင်းပြင်းထန်ထန် ခံစားနေရရှာပါတယ်။
သနားစရာ ပြည်သူတွေရဲ့အဖြစ်ကတော့ အရင်လို ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေကို
လုံလုံလောက်လောက်မရှိတဲ့အပြင် အောက်ဆီဂျင်မရတဲ့ ပြဿနာတွေကို ဆိုးရွားစွာ ကြုံတွေ့နေရတာဖြစ်ပါတယ်။
Photo Credit – Original Upload
Photo Credit – Original Upload
Photo Credit – Original Upload
ဒီလိုဆိုးရွားစွာ ကြုံတွေ့ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စု၊
နယူးယောက်မြို့ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများက ဇူလိုင်(၂၇)ရက်နေ့ ညနေပိုင်းမှာ
ကုလသမဂ္ဂ ကျန်းမာရေးဌာနချုပ်အရှေ့တွင် အသံတိတ် သရုပ်ဖော်ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့ကြတယ်လို့
သိရပါတယ်။ ဆန္ဒပြပွဲမှာတော့ လူငယ်တွေအများစုကပဲ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
Photo Credit – Original Upload
Photo Credit – Original Upload
ဒီတစ်ခါ အသံတိတ် သရုပ်ဖော်ဆန္ဒပြကြခဲ့တာကတော့ မြန်မာနိုင်ငံမှာ လက်ရှိခံစားကြုံတွေ့နေရတဲ့
နေရတဲ့ အာဏာရှင်လူတစ်စုမှ ကျောင်းသားပြည်သူများအပေါ် ညှင်းပမ်းမှုများ၊ ကျန်းမာရေးဝန်ထမ်းများကို
ရိုက်နှက်ဖမ်းဆီးမှုများအပြင် အောက်စီဂျင်လိုအပ်နေတဲ့ ကိုဗစ်လူနာများအပေါ် အနိုင်ကျင့်ဖိနှိပ်မှုတွေကို
နိုင်ငံတကာက မြင်သာအောင် လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ယခုလို နိုင်ငံအတွင်းမှာ ခံစားနေရတဲ့
ပြည်သူတွေရဲ့ ဒုက္ခတွေကို နိုင်ငံတကာကမြင်သာအောင် ပြသခဲ့တဲ့ နယူးယောက်မြို့ရောက်
မြန်မာနိုင်ငံသားတွေအတွက် Myanmarload ပရိသတ်တွေနဲ့အတူ များစွာဂုဏ်ယူမိပါကြောင်း
ပြောကြားရင်း ဒီသတင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
Photo Credit – Original Upload
Photo Credit – Original Upload
သတင်းအရင်းမြစ်: Source – Original Upload