မော်လမြိုင်၊ ဇူလိုင် ၂၇
မြန်မာနိုင်ငံရဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အတူ မြစ်ရေ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့်
ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နေတယ်။
ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေ ကြုံတွေ့နေရတဲ့ ပြည်နယ်တွေမှာတော့ အာဏာသိမ်း
စစ်ကောင်စီရဲ့ ကူညီမှု မရဘဲ ပြည်သူမှ ပြည်သူသို့ အချင်းချင်း ကူညီနေရပါတယ်။
ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန
အစည်းအဝေးကို Online ကနေ ကျင်းပခဲ့ကြောင်း MRTV ရဲ့ ည ၈ နာရီ သတင်းမှာ ကြေညာသွားခဲ့ပါတယ်။
ဒီအစည်းအဝေးမှာတော့ ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးကို စောလျင်စွာ
ကူညီနိုင်ဖို့အတွက် သတင်းအချက်အလက် အမြန်ဆုံး စုဆောင်းကြဖို့ စစ်ကောင်စီ
လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က တိုက်တွန်းခဲ့ပါတယ်။
ဒါအပြင် သဘာဝဘေး ဖြစ်ပေါ်နေတဲ့ ပြည်နယ်တွေကို သတင်းအချက်အလက်
ရတာနဲ့ အမြန်ဆုံး ကူညီပေးဖို့အတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ ရေးဆွဲကြဖို့
ဒေါက်တာ သက်သက်ခိုင်က မှာကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ရေကြီးရေလျှံတာနဲ့ မြေပြိုတာ ခံစားနေရတဲ့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့
ကူညီပံ့ပို့မှု တစ်စုံတစ်ရာ ရရှိခြင်း မရှိသေးပါဘူး။
သတင်းအရင်းမြစ် – သံလွင်တိုင်းမ်