ၾကားသိသမွ်

ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းကြောင်း မဟုတ်မမှန် ကြေညာပြီး တိုင်းပြည်အာဏာကို လုယူခဲ့တဲ့ မင်းအောင်လှိုင်

ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းကြောင်း မဟုတ်မမှန် ကြေညာပြီး တိုင်းပြည်အာဏာကို လုယူခဲ့တဲ့ မင်းအောင်လှိုင်

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲရဲ့ ရလာဒ်တွေကို ဖယ်ဖျက်လိုက်ပြီလို့
အကြမ်းဖက်စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

၎င်းတို့အသစ်ဖွဲ့စည်းထားတဲ့ ရွေး/ကော် အသစ်ရဲ့ ဥက္ကဌ ဦးသိန်းစိုးကလက်မှတ်ရေးထိုးပြီး ဇူလိုင် ၂၆ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ဒီလိုပယ်ဖျက်လိုက်တာဟာ ရွေးကောက်ပွဲ မဲမသမာမှုတွေကြောင့်ဖြစ်တယ်လို့ ကြေညာချက်မှာ အဓိကထည့်သွင်းဖော်ပြထားတာပါ။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူအမြောက်အမြားရဲ့ ထောက်ခံမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက
သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာပါ။

ဒီလိုအနိုင်ရခဲ့တာမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ မတူဘဲ စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာအချို့မှာပါ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။
အဆိုပါ အနိုင်ရရှိမှုနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ကြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက အသိမှတ်ပြုခဲ့ကြသလို
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အသိမှတ်ပြုကြပါတယ်။

လက်ရှိ အကြမ်းဖက်စစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ တရုတ်နိုင်ငံကပါ ထောက်ခံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ထံ ဂုဏ်ပြုကြောင်း
သဝဏ်လွှာပါပေးပို့ခဲ့ပါသေးတယ်။

မဲရလာဒ်နဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ၂၀၁၅ ရွေးကောက်ပွဲထက်ပင် ယခုရွေးကောက်ပွဲဟာ
အမှားနည်းပြီး ကပ်ရောဂါကာလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲမဲမသမာမှု ရှိတယ်ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ အာဏာလုယူခဲ့တာဟာ အလွန်ကို
အောက်တန်းကျဖွယ် လုပ်ရပ်ပဲဖြစ်ပါတယ်။

၎င်းတို့ ကိုယ်၌ကတော့ ဘယ်ပြည်သူ တစ်ဦးတစ်ယောက်မှ ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ ကိုယ်နဲ့ မသက်ဆိုင်တဲ့ လွှတ်တော်နိုင်ငံရေးထဲမှာ ၂၅ ရာခိုင်နှုန်းကို အတင်းရယူထားတာပဲဖြစ်ပါတယ်။တကယ်တော့ စစ်အာဏာသိမ်းယူခဲ့တာဟာ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ
ပါတီတွေ မရှု့မလှရှုံးနိမ့်ခဲ့တာဟာ တစ်စိတ်တဒေသသာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၎င်းရဲ့ ပိုင်ဆိုင်မှုတွေ၊ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ဆုံးရှုံးမှာကြောက်စိတ်ကြောင့်အခုလို
လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းရင်ဆိုင်ရဦးမယ့် ရခိုင်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တောက ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှု
ကျူးလွန်ခဲ့ခြင်းကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICJ မှာ တရားစွဲဆိုထားတာကို ရှောင်လွှဲနိုင်ဖို့လည်းပါဝင်ပါတယ်။

ဒီအမှုအပါအဝင် မင်းအောင်လှိုင်ဟာ ၎င်းရဲ့ ပိုင်ဆိုင်မှုတွေ၊ လုပ်ပိုင်ခွင့်အာဏာတွေကို ထိန်းချုပ်နိုင်ဖို့ အသက် ၆၅ နှစ်ပြည့်သည့်တိုင်
ပင်စင်မယူဘဲ တိုင်းပြည်အာဏာကိုလုယူပြီး ‌နိုင်ငံတကာထံ ခေါင်းစဉ်တပ်လို့ရအောင် ရွေးကောက်ပွဲမဲမသမာမှုရှိတယ်ဆိုတဲ့
သတင်းလွှင့်ခဲ့တာပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

credit; Original Uploader