ကိုဗစ်တတိယလှိုင်းဒဏ်ကြောင့် မြန်မာပြည်သူအများအပြား ရင်ဆိုင်ခံစားနေရပြီး ပြည်သူအချို့ဟာလည်း
ကိုဗစ်ရောဂါကူးစက်ခံထားရပါတယ်။
ကိုဗစ်ကူးစက်မှုကြောင့် အသက်သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိသလို
ကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ လူနာတွေလည်းရှိကြပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုခံထားရတဲ့ ပြည်သူတွေထဲ
အဆိုတော်အောင်လလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
ယခုမှာတော့ နေမကောင်းဖြစ်နေတဲ့
အဆိုတော်အောင်လနဲ့ပတ်သက်တဲ့ သတင်းအမှားတွေလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာနေခဲ့ပါတယ်။
အဆိုတော်အောင်လတစ်ယောက် လက်လုပ်ဗုံးစမ်းသပ်ရင်း ပေါက်ကွဲပြီး မျက်နှာမှာဒဏ်ရာရရှိတယ်ဆိုတဲ့ သတင်းအမှားတွေ
လူမှုကွန်ယက်ထက်မှာ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဝိုင်းစုကတော့ ချစ်သူအောင်လနဲ့ပတ်သက်ပြီး လတ်တလောထွက်ပေါ်နေတဲ့
ကောလဟာလသတင်းများအပေါ် ပြန်လည်ဖြေရှင်းလိုက်ပါတယ်။ဝိုင်းစုကတော့ ချစ်သူအောင်လတစ်ယောက်
ကိုဗစ်ရောဂါကူးစက်ခံရတာကလွဲရင် ကျန်းမာရေးအကောင်းကြီးရှိနေကြောင်း၊ ဗုံးပေါက်ကွဲတယ်ဆိုတဲ့သတင်းဟာ
သတင်းအမှားသာ ဖြစ်ကြောင်း၊ ဗုံးပေါက်ရင်လည်း တစ်ရပ်ကွက်လုံးသိမှာဖြစ်ပြီး လိမ်လို့ရတဲ့အရာမဟုတ်ကြောင်း ရှင်းပြလာခဲ့တာဖြစ်ပါတယ်။
ဝိုင်းစုကတော့ ” ကိုအောင်လ ဘာမှမဖြစ်ပါဘူး ကိုဗစ် ဖြစ်နေတာကလွဲရင် အကောင်းကြီးပါ
ဗုံးလဲမပေါက်ပါဘူး ကိုဗစ် ဖြစ်လို့ရော မဖြစ်ခင်တည်းကအပြင်ကိုမထွက်ဖြစ်တာ ဗုံးပေါက်ရင်လည်း
တစ်ရပ်ကွက်လုံးသိမှာ လိမ်လို့ရတဲ့အရာလည်းမဟုတ်ဘူးသေချာရေရာမသိပဲ တင်ချင်ရာတွေ ခေါင်းစဉ်တပ်ပြီး
လျှောက်မတင်ကြပါနဲ့တော့ လာမေးကြတာကိုပြန်ဖြေရတာနဲ့တင်မောလွန်းလို့ပါ Please “ဆိုပြီး လူမှုကွန်ယက်ထက်မှာ
ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်းသတင်းအမှားတွေကို စိတ်ထဲမထားဖို့နဲ့ ကိုဗစ်ကူးစက်ခံထားရတဲ့
အဆိုတော်အောင်လတစ်ယောက် နေအမြန်ပြန်ကောင်းလာစေဖို့ ဆုတောင်းပေးနေကြပါတယ်။
Source : Wine Su ‘ s Facebook Acc