ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ ကော်ဖီအမျိုးမျိုးရှိတာ ပရိသတ်ကြီးလည်း သိရှိကြမှာပါ။ ဒါပေမယ့် ခုဖော်ပြမယ့်
ကော်ဖီကတော့ နာမည်လည်းကြီးသလို ထူးလည်းဆန်းတဲ့ ကော်ဖီဖြစ်ပါတယ်။ အဲ့ဒီကော်ဖီအမျိုးအစားကတော့
ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီေတွထဲက တစ်ခုဖြစ်ပြီး ဆင်ရဲ့ မစင်နဲ့ ပြုလုပ်ထားတဲ့ ကော်ဖီပဲ ဖြစ်ပါတယ်။
ဒီကော်ဖီကိုတော့ ထိုင်းနိုင်ငံက စတင်ခဲ့တာ ဖြစ်ပြီး ဆင်တွေကို အရည်သွေးကောင်းတဲ့ ကော်ဖီစေ့တွေနဲ့
အစာထဲ ထည့်သွင်းရောစပ်ကျွေးမွေးတာပဲ ဖြစ်ပါတယ်။
ဆင်တွေရဲ့ အစာချက်ချိန်ဟာ ကျန်တဲ့ သတ္တဝါတွေထက် ပိုကြာမြင့်ပြီး အစာစားပြီး ၁၅နာရီလောက်မှ
မစင်ပြန်စွန့်ကြတက်ပါတယ်။ ဒါ့ကြောင့် ကော်ဖီစေ့တွေဟာ ဆင်တွေရဲ့ ဝမ်းဗိုက်ထဲမှာ အချိန်ကြာမြင့်စွာရှိနေပြီး
ကော်ဖီရဲ့ မူလအခါးဓာတ်ကို လျော့ချပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း ကော်ဖီပြုလုပ်ရမှာ
ထူးဆန်းတဲ့နည်းတွေထဲက တစ်ခုပါပဲ။
အဲ့ဒီနောက်မှာတော့ ဆင်တွေ မစင်စွန့်မယ့်အချိန်ကို စောင့်ကြည့်ပြီး အဲ့မစင်ထဲကနေ ကော်ဖီစေ့များကို
ပြန်လည်ရွေးယူကြတာပဲ ဖြစ်ပါတယ်။ ရွေးပြီးသွားတဲ့ ကော်ဖီစေ့တွေကို အခြောက်လှန်းပြီး ဈေးကွက်မှာ
ရောင်းချကြပါတယ်။ အဲ့ဒီ ကော်ဖီမှုန့် တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၁၀၀ အထိတောင်ရှိပြီး နိုင်ငံတစ်ကာ
အဆင့်မြင့် ဟိုတယ်တွေမှာတော့ အဲ့ဒီကော်ဖီတစ်ခွက်ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၅၀ တန်ဖိုးရှိပါတယ်။
credit; Original Uploader