လက်ရှိမှာ ကိုဗစ္တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ
တစ်နေ့တစ်ထက်တစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။
ကိုဗစ်ကူးစက်မှုတွေမှာ အိမ်လုံးကျွတ်ကူးစက်မှုတွေအထိဖြစ်ပေါ်နေတာကြောင့် အပြင်လည်
းမထွက်နိုင်ဖြစ်နေကြကာ ဆေးဝါးအကူအညီတွေလည်းလိုအပ်နေကြတာဖြစ်ပါတယ်။
ကိုဗစ်လူနာအတော်များများမှာလည်း အောက်ဆီဂျင်ကျတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး
အောက်ဆီဂျင်အိုးရရှိရန်ခက်ခဲလွန်းတာကြောင့် အသက်သေဆုံးနေကြရတဲ့ လူနာတွေလည်းအတော်
များလာနေတာတွေ့ရပါတယ်။ အခုလိုအခြေအနေတွေကြောင့် အောက်ဆီဂျင်တန်းစီဖို့အတွက် volunteerလုပ်ကာ
ကူညီပေးနေကြတဲ့ လူငယ်လေးတွေလည်းများလာနေပြီး ၎င်းတို့ထဲမှာဆိုရင် မော်ဒယ်လ်မင်းသား
မင်းသွေးခန့်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။
မင်းသွေးခန့်ဟာ နေ့တိုင်းနီးပါးအောက်ဆီဂျင်အတွက် volunteerလုပ်ပေးနေတာဖြစ်ပြီး
လိုအပ်နေတဲ့ဆေးဝါးတွေကိုလည်း ၀ယ်ယူကာ ကိုဗစ်ကူးစက်ခံထားရတဲ့သူတွေဆီကို
အိမ်တိုင်ရာသွားရောက်ပို့ပေးနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း မင်းသွေးခန့်ဟာ
PPE၀တ်စုံ၀တ်ကာ အောက်ဆီဂျင်အိုးတွေသယ်ရင်း ကိုဗစ်လူနာတွေရဲ့ အိမ်ကိုသွားရောက်ပို့ပေးနေတဲ့
လေးစားစရာပုံလေးတွေမျှဝေထားဝာာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Photo credit- Min Thway Khant’s Facebook acc
သတင်းအရင်းမြစ်: Min Thway Khant’s Facebook acc
credit;