ယမန်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် ကရင်ပြည်နယ်ရှိမြို့နယ်အချို့မှာရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။
ဇူလိုင်လ ၂၆ရက်နေ့တွင်မိုးအဆက်အပြတ်ရွာသွန်းခဲ့ပြီး သောင်းရင်းမြစ်ရေတက်လာကာ ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့မှာ
ရေကြီးမှုဖြစ်ပေါ်နေတာဖြစ်ပါတယ်။
Photo credit-Original Uploader
Photo credit-Original Uploader
ရေတွေဟာ ဒီကနေ့မနက်ပိုင်းထိကျသွားတာမျိုးမရှိတဲ့အတွက် မြ၀တီမြို့ရှိအိမ်ခြေပေါင်း
၅၀၀နီးပါးရေဘေးသင့်နေတာဖြစ်ပြီး မြို့နေပြည်သူတွေလည်း ယာယီကယ်ဆယ်ရေးစခန်းတွေမှ
ာ ခိုလှုံနေကြရတာပါ။ ဒါ့ပြင် ရွှေမြ၀တီကိုဗစ်စင်တာအတွင်းလည်း ရေတွေ၀င်ခဲ့တာကြောင့်
အောက်ဆီဂျင်ရှူနေရတဲ့ လူနာ၁၀၀ကျော်ခန့်ကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတာကို တွေ့ရပါတယ်….။
Photo credit-Original Uploader
အခုလိုအဘက်ဘက်ကနေ ဒုက္ခကြုံတွေ့နေရချိန်မှာ ရေဘေးပါထပ်မံဖြစ်ပေါ်နေတဲ့အတွက် ပြည်သူတွေခမျာ
ခိုကိုးရာမဲ့ဘ၀ကိုရောက်နေကြရပါတယ်။ ညတွင်းချင်းလည်း အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေဖွင့်ကာ
ပြည်သူချင်းကူညီပေးနေကြတာလည်း တွေ့ရပြီး လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်း မြ၀တီမြို့လေးအတွက်
စိုးရိမ်ပူပန်နေကြတဲ့ပို့စ်တွေကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo credit-Original Uploader
Photo credit-Original Uploader
သတင်းအရင်းမြစ်: Myanmarload
credit#