ၾကားသိသမွ်

ဒါယိကာမင်းအောင်လှိုင် ဆက်ကပ်သော ကိုဗစ်၁၉ ကောင်းမူ့တော်ကြောင့် ပျံလွန်တော်မူကုန်သော ဆရာတော်ကြီးများ

ဒါယိကာမင်းအောင်လှိုင် ဆက်ကပ်သော ကိုဗစ်၁၉ ကောင်းမူ့တော်ကြောင့် ပျံလွန်တော်မူကုန်သော ဆရာတော်ကြီးများ

(1)စစ်ကိုင်းတိုင်း မင်းကင်းမြို့ မဟာမင်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဇဝန (မဟာသဒ္ဓမ္မဇောတိကဓဇ) သက်တော် (၅၈)နှစ် သည်၂၄.၇.၂၁ ရက်နေ့ ၁နာရီ ၄၅မိနစ်တွင်လည်းကောင်း၊

(2) မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ နာယကဆရာတော်၊
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မဏိရတနာကျောင်းတိုက်(ခြောက်ထပ်ကြီး)၏ ဦးစီးပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ(ဒွိပိဋကဓ
ရ) အရှင်သူမြတ်သည် ( ၂၄.၇.၂၀၂၁)၊ နံနက် ၆း၀၀ နာရီအချိန်တွင်လည်းကောင်း၊

(3) မကွေးမြို့ ဗုဒ္ဓဂုဏ်ရည်ပုညဝတီဓမ္မရိပ်သာ၊ ရန်ကုန်မြို့ ဓမ္မဂုဏ်ရည် ပုညဝတီဓမ္မရိပ်သာနှင့် လွိုင်ကော်မြို့ သံဃာ့ဂုဏ်ရည် ပုညဝတီဓမ္မရိပ်သာ တို့ရဲ့ ဦးစီးပဓာနချုပ် မကွေးမြို့ ပုညဝတီကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဇဋိလ သက်တော်(၇၀) ဇူလိုင်လ ၂၃ရက်နေ့ နံနက် ၄နာရီအချိန်တွင်လည်းကောင်း၊

(4) ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အတွင်းရှိ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၏ နာယကဆရာတော် သက်တော်(၉၃)နှစ် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ ကုဏ္ဍလဇောတိမထေရ်မြတ်သည် ၂၂.၇.၂၁ရက်နေ့တွင်လည်းကောင်း၊

(5)မြောက်ဥက္ကလာ ၂ ရပ်ကွက် ပဏ္ဍိစ္စရာမပရိယတ္တိကျောင်းတိုက် ဆရာတော်ဦးပဏ္ဏိစ သက်တော် ၅၈ ဝါတော် ၃၈ သည် (19.7.21) ၁၁:၄၅တွင် လည်းကောင်း၊

(6) စစ်ကွင်းမြို့ကံကျောင်းဆရာတော်သည် စစ်ကွင်းဆေးရုံ၌ ၁၉.၇.၂၁ နေ့တွင်လည်းကောင်း၊

(7) ဂန္ထဓူရ၊သီလ၊သမာဓိ၊သိက္ခာ၊လဇ္ဇီပေသလ၊သိက္ခာကာမနှင့်ပြည်စုံတော်မူသောအမရပူရမြို့၊ရွှေအိုးရရွှေဖားရ ပရိယတ္တိစာသင်တိုက်၏ ဦးစီးနာယက ပဓာန ဆရာတော်ကြီး ဦးကောသလ္လသည် ဇူလိုင်လ ၁၇ ရက်နေ့၌လည်းကောင်း၊
( အရှင်ဝါယာမိန္ဒာဘိဝံသ
( ပါဠိပါရဂူ၊ ပိဋကတ်တယပါရဂူ )သာသနဇောတိပါလကျောင်း၊ကြိုးတံတားအနီး၊ ပုသိမ်သည် ဇူလိုင်လ ၁၆ ရက်နေ့၌လည်ကောင်း၊

(9) သာသနတက္ကသီလဓမ္မာစရိယ B.A(Buddhism) ဘွဲ့ရ အရှင်သီလာစာရ(ဗုဒ္ဓရင်ခွင်)သည် ဇူလိုင်လ ၁၅ ရက်နေ့၌လည်းကောင်း၊

(10)ပရဟိတဆရာတော်ဦးသု့ဇနသည် (၁၇.၇.၂၁)တွင်လည်းကောင်း၊

 

ကိုဗစ်၁၉ ရောဂါဖြင့် အောက်ဆီဂျင်ကျကာ ပျံလွန်တော်မူကြပါသည်။

ဘဝနတ်ထံ ပျံလွန်တော်မူသောဆရာတော်အရှင်သူမြတ်တို့အား လက်အစုံဦးထိပ်မှာမိုး၍ ရှိခိုးကန်တော့ပါ၏

ကိုဗစ်၁၉ ဒါယိကာ မင်းအောင်လှိုင်နှင့် မိသားစု့ကိုပါ အပါခေါ်တော်မူပါဘုရား

ချစ်ကိုကြီး

Credit; Original Uploader