ၾကားသိသမွ်

ဗျာများနေတဲ့ အာဏာသိမ်းအုပ်စုနဲ့ ယဲ့ယဲ့ ပဲ ကျန်တော့တဲ့ မင်းအောင်လှိုင်..

ခင်ဗျားတို့ကို အားတက်အောင် လျှောက်ပြောတာမဟုတ်ဘူး မင်းအောင်လှိုင်က တကယ် ယဲ့ယဲ့ပဲ ကျန်ပြီ

သက်သက်ခိုင်လိုဟာမျိုး သေလုနီးပါးဖြစ်နေတာလည်း စိတ်ကိုမဝင်စားဘူး။ သူ့လို လူမျိုးဟာ သေလည်း မြန်မာပြည်အတွက် ဘာမှမထူးသလို မသေပဲ
ရှင်နေလည်း ဘာမှ မထူး။

ရှင်နေတုန်းကလုပ်ခဲ့သမျှကိုလည်းပြန်ကြည့်လိုက် လွှတ်တော်ရောက်လာတဲ့အချိန်မှာတောင် သူ့အကျိုးစီးပွားကိစ္စတွေကို စကားကြီးစကားကျယ်ပြောတာလောက်ရှိတယ်။ ဒါတောင် NLD အရေခြုံပြီး လွှတ်တော်ရောက်လို့ အခုလို မအလ အရေခြုံထားချိန်ကျတော့ သူ့အရည်အချင်း သူမြင်ခွင့်ရသွားပြီ။ ထားလိုက်

အာဏာသိမ်းအုပ်စုက ဗျာများနေကြပြီ အုပ်ကြီးတွေ အောက်ဆီဂျင်ဝေဖို့လုပ်နေပေမယ့်
ဖောင်းဒိုင်းရော ဇွပ်ဇွပ်ရော ခပ်များများကြားရဖို့ပဲရှိတယ်။ ဒီတော့ အုပ်ကြီးလောက ပျောက်ဖို့ပဲရှိတယ်။ အခုကို အသံတွေ တိတ်လို့။ အများပြောနေတဲ့ ဆင်ခြေထောက်မ
သူက တပ်အသိုင်းအဝိုင်းရော ပြင်ပက အပြင်လူတွေပါစစ်ဆေးရုံမှာတက်ခွင့်ရဖို့ လွွယ်ပါတယ်ဆိုတဲ့သဘောမျိုး လေပစ်လာတယ်

အဲ့ဒါလည်း ဝမ်းသာလိုက် မဟုတ်ပဲ လျှောက်ပြောတာ အားလုံးသိတယ် မဟုတ်ပဲလျှောက်ပြောနေပြီဆိုကတည်းက ကြံရာမရတော့ဘူးဆိုတာကို ဝန်ခံတာ ကြံရာမရတော့ဘူးဆိုတာ ရှုံးတာပဲ အဲ့ဒါ အရှုံးကို ကြေညာခြင်းရဲ့ အစ

ဘယ် … “WE ARE READY” ဆိုတဲ့ စစ်ယူနီဖောင်းနဲ့ ဆေးကုပေးမယ့်ကောင်တွေ ပြည်သူက မေ့မှ မမေ့တာ အောက်ဆီဂျင်
လိုက်သိမ်းနေတဲ့ကောင်တွေလည်း ပြည်သူ မြင်တာပဲ

သေခါနီးမှ မနီချင်ဘူးဆိုတဲ့ အစိမ်းသေတစ်ယောက်ရဲ့ အကြောင်းလည်း တပြည်လုံးက အသိ။ ဒီလို သူတို့ဘက်က အသည်းအသန်ယု တ်မာပေးသူတွေတောင် သေခါနီး အားကိုးတကြီး စစ်ဆေးရုံသွားတော့ WE ARE NOT READY ဖြစ်နေတဲ့ကိစ္စ အကုန်သိ။ စစ်ဆေးရုံမှာ အကူအညီတောင်းရင် အကုန်လုံး ကုပေးမလိုလို သတင်းလွှင့်တာက ရှင်းရှင်းလေး ဆွယ်နေတာ ။

ကြံရာမရတော့ တပြည်လုံး ယုန်ထင်ကြောင်ထင်ဖြစ်အောင် သူတို့ ပုံရိပ် သူတို့ ဆွဲတင်နေတာ။ မြေပြင်အခြေအနေမှာတော့ အကုန်သိနေတာ အာဏာသိမ်းစစ်ကောင်စီဟာ အကုန်သတ်တဲ့ ပြည်သူ့ချဉ်ဖတ်ပဲ။

ဒီတော့ ကြက်တွေ ဝက်တွေ နဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံလေ့ရှိတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗျာများနေပြီ။ (အခုမှ ဗျာများတာမဟုတ် ပင်စင်ယူရမယ့် အချိန်မတိုင်ခင်ကတည်းက ဗျာများနေတာ)။ ဦးနှောက်မရှိတဲ့ သူ့ကောင်တွေလည်း ဗျာများနေပြီ။

(အခုအချိန် သဘောထားတွေကွဲပြီး အချင်းချင်း လုပ်ကြံဖို့တောင် ကြံနေလောက်ပြီ။ ဒါမျိုးပြောရင် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားပါတယ်ဆိုပြီး လာဖမ်းမှာစိုးလို့ ကျုပ်က မပြောဘူး။)
ဒီလို ဗျာများနေကြချိန်မှာ ကျုပ်တို့ဘာတွေလုပ်ကြမလဲ

ကျန်းမာအောင်နေကြဖို့ပဲရှိတယ် တပြည်လုံးသေမှ အေးမယ်လို့ထင်နေတဲ့ မင်းအောင်လှိုင်တို့ စစ်ကောင်စီအတွက် ကျုပ်တို့ ကျန်းမာနေတာကိုက
သူ့အတွက် အကြောက်တရား ။

ကျုပ်တို့ကို သူကြောက်မှကို ဖြစ်မှာ။ သူကြောက်ဖို့ကလည်း ကျုပ်တို့ ကျန်းမာပြီး သန်စွမ်းနေမှဖြစ်မှာ။ အောက်ဆီဂျင်ကတော့ ပေါလာဖို့ရှိတယ် နည်းနည်း စိတ်အေးအေးထား
အမြတ်ကြီးစားတွေ လျော့လာပြီ စျေးတွေ ကျလာပြီ လှူထားကူထားသမျှတွေက တဖြည်းဖြည်းများလာလို့ ပိုလာတဲ့ အဆင့်ကိုရောက်နေပြီ
လွွယ်တော့မယ်

စိတ်ကိုသာ မပူအောင် တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ကြိုးစားကြ။
CDM များကို ဆက်ကူညီမယ် GZ များကို အားပေးကြမယ် စစ်ကောင်စီကိုဆက်တော်လှန်မယ်
တနိုင်ငံလုံး အတူတူ ချမ်းသာအောင် ဆက်တည်ဆောက်ကြမယ်
အဲ့ဒါတွေလုပ်ဖို့ ငါသေလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ကိုမွေး

ခင်ဗျားတို့အားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်း ခင်ဗျားတို့အားလုံးဟာ အာဇာနည် ခင်ဗျားတို့အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် …

ခင်ဗျားတို့အားလုံးဟာ စစ်ကောင်စီကို အမြစ်ဖြတ်မယ့်လူ ဟိုကောင်တွေဗျာများနေချိန်
ခင်ဗျားတို့ မဟားတရားစားကြ မဟားတရားအိပ်ကြ အိပ်မက် မက်မယ်ဆိုရင်တော့


CDM တွေ ၊ တောထဲက GZ လေးတွေေ၊ CRPH ၊ NUG စတဲ့ ပြည်သူဘက်ကလူတွေ အဖွဲ့အစည်းတွေကို ဘယ်လို ကူရမလဲဆိုတဲ့ အိပ်မက်တွေပဲ မက်ကြ စိတ်ရော လူရော နောက်မျိုးဆက်ရော ချမ်းသာဖို့ ငါတို့အားလုံး ကျန်းမာကြပါစို့ …. ။ ။
လေးစားလျှက်
အောင်ကြီး
credit;