ၾကားသိသမွ်

R2P ထက် K2K သာ အားကိုး တိုက်စို့ [ D Day ဘာကြောင့် မစ နိုင်သေးသလဲ/ နှောင့်နှေးနေသလဲ ]


အသိတယောက်ကတော့ ပြောတယ် ဟုတ်မဟုတ်တော့ မသိဘူး NUG က ချဟေ့သာ တခွန်းထဲပြောတဲ့ နပတအထိ တက်သိမ်းမယ်လို့ EAOs တွေက ပြောတယ်ဆိုတယ် လက်နက် ကျည်ကုန်မှာ မကြောက်နဲ့ မလိုဘူးတဲ့

ဟုတ်မဟုတ် NUG သာ မေးကြတော့
ဘာကြောင့်ဆိုတော့ ပအချိန် ပဲခူးနားရောက်ပြီး ရကဝင်ဖို့ NUG က ခွင့်မပြုလို့ ပြန်လှည့်လိုက်ရတယ်ဆိုတယ် (ပြည်သူအထိနာမှာစိုး၍)

ခုလည်း EAOsတွေက ဆော်ချင်နေပြီ NUG ရဲ့ အခေါ်ပဲ စောင့်နေတယ်လို့ ကြားတာပဲ
နောက် ကြားတာ တခုရှိသေးတယ် ဒါကတော့ကြားစကားပါ အရေးလည်းကြီးတယ် (ချင့်ယုံပါ မှားနိုင်သည်)

D Day မ‌စသေးခြင်းဟာ အခြားကြောင်းတွေ ရှိပေမယ့် ပြည်တွင်း EAOsတွေနဲ့စလို့ နိုင်ခဲ့ရင် EAOsတွေရဲ့ တောင်းဆိုမှုကို NUG က အပြည့်ဝ လိုက်နာ လုပ်ဆောင်ပေးရမှာစိုးလို့ ပြည်ပနဲ့ချိတ်ဆက်ပြီး ပြည်တွင်းပြည်ပ သေချာ ကိုင်ပင်ကိုက်မှ D Day ကို စမည်ဟု လုပ်နေပုံရနေသည်တဲ့

( ထိုကြားစကားမှားနိုင်ပါသည် အကြောင်းက ယခုပင် NUG နဲ့ EAOsတွေ နိုင်ငံအတွက် စစ်ရေးအတွက် ညှိနှိုင်း‌‌ဆောင်ရွက်ထားပြီ မဟုတ်ပါလား )

ထိုစကားမှန်မမှန်ထက် အကယ်၍ ဟုတ်ခဲ့လျင်လည်း သိပ်မစိုးရိမ်ရပါဘူးဟု
အကြောင်းက ထိုပလန်ကို ရိပ်မိ သိရှိလို့လား D Day မစသေး၍လား မသိ/ စချင်နေသော ကချင် သူရဲကောင်း ဗိုလ်ချုပ်ကြီးများကတော့ NUG နဲ့ မြန်မာပြည်သူတရပ်လုံးကို အသိပေး ကြေငြာပြောထားပြီပါပြီ

ဒါကဘာလဲဆိုရင်
” ယခု တော်လှန်ရေးမှာ တိုင်းပြည်အတွက် ပေးဆပ်လုပ်နေကြပေမယ့် သူတို့ အခွင့်အရေး ပိုမယူပါဘူးတဲ့ ”
(ကချင်ဗိုလ်ချုပ်ကြီး ကြေငြောပြောစကားအား ပြန်ကြည့်ပါ)

သဘောက ယခုလည်း K2K ဟာ ထိပ်ဆုံးကနေ ရပ်တည်ပြီး ပွဲစကနေအဆုံးထိ မရပ်မနား တိုက်စစ်ဖွင့်တိုက်နေပေမယ့် တိုင်းပြည်အတွက် တော်လှန်ပေးဆပ်နေပေမယ့် နိုင်ငံပြန်ထူထောင် တည်ဆောက်တဲ့အခါကြ သူတို့ပေးဆပ် တိုက်ပေးရတယ် အသက်ပေးရတယ်ဆိုပြီး နိုင်ငံအုပ်ချုပ်ရေးမှာ အခွင့်အရေးပိုမယူပဲ အားလုံးနဲ့ထပ်တူ သာတူညီမျှသာ ရပိုင်ခွင့်ကို ခွဲဝေ ရယူကြမည်ဖြစ်ကြောင်း အတိလင်း အသိပေး ကြေငြာလိုက်ခြင်းပဲ ဖြစ်တယ်

ဒီတော့ ဒီစကားအသွားလာဟာ တိုင်းရင်းသား လက်နက်ကိုင် EAOs တွေဟာ တိုင်းပြည်အတွက် တော်လှန်ပေးဆပ်နေရပေမယ့် အောင်မြင်ခဲ့ရင် နိုင်ငံနဲ့ပြည်သူအပေါ် အခွင့်အရေး တပြားသားမှ ပိုမယူပဲ တန်းတူညီမျှ သာတူညီမျှသာ ပူးပေါင်း ညီညွတ်စွာ စည်းလုံး တည်ဆောက်သွားကြမည် ဖြစ်ကြောင်း အသိပေး ကြေငြာခြင်းဖြစ်ပြီး

NUG နဲ့ ပြည်သူကို စကစကို အမြစ်ဖြတ်ဖို့ D Day အမြန်စသင့်ကြောင်းလဲ အသိပေးပြောခြင်းသာဖြစ်သည့်အတွက် ပြောသည်ဟု ယုံကြည်၍

NUG + EAOs + PDF + GZ ပြည်သူတို့ပေါင်းပြီး D Day တိုက်ပွဲကို အမြန်အကောငိထည်ဖော် အစပျိုးသင့်ကြောင်း ဟုတ်မဟုတ်ကို အရင် K2K လက်စွမ်းနဲ့ ပဲခူးနားထိ ကျော်တက်လာမှုနဲ့ ခုထိ ပွဲသိမ်း အောင်မြင်မှုတွေကို ကြည့်ပြီး ယုံကြည်ပြီး ဆုံးဖြတ်နိုင်ကြောင်း အသိပေးရင်း

NUG ရေ Ready to Start ဟုသာ မျက်စိစုံမှိတ် သမလိုက်ပါ အားလုံးပါဝင်လာမည်ဆိုတာ ယုံကြည်သလို EAOsတွေနဲ့ တိုင်ပင်ကိုက်ပြီး တော်လှန်ရေးကို အဆူံးသတ်နွှဲဖို့ ပြင်ဆင် ဖန်တီးပါတော့ဟု အကြံပြုရင်း

အရေးတော်ပုံ အောင်ဖို့ ပြည်သူ့ D Day စကြပါစို့

#မင်းကြည်ညိုနေ