ၾကားသိသမွ်

ပြည်သူတွေကို နောက်လထဲမှာ ဗစ်ကာကွယ်ဆေးစထိုးပေးတော့မယ်လို့ NUGအစိုးရပြော

ပြည်သူတွေကို နောက်လထဲမှာ ဗစ်ကာကွယ်ဆေးစထိုးပေးတော့မယ်လို့ NUGအစိုးရပြော

မကြာခင်မှာ ကိုဗစ်ကာကွယ်ဆေးတွေကို မြန်မာပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက

စတင်ထိုးနှံပေးတော့မယ့်လို့ ပညာရေးကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇူလိုင်လ ၂၅ ရက်နေ့က

ပြည်လုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီနှစ်ထဲမကုန်ခင်မှာ ကိုဗစ် ၁၉ ကာကွယ်ဆေးကို

မြန်မာလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ထိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီလို့

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တာဝန်ရှိသူတွေကပြောဆိုပါတယ်။

နောက်လထဲမှာ ကိုဗစ်ကာကွယ်ဆေးကိုစတင်ထိုးပေးနိုင်ဖို့ နည်းလမ်း ၂ သွယ်နဲ့ထိုးပေးမှာဖြစ်ပြီး

ပထမဦးစားပေးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားတဲ့စာရင်းအရ ၆ သန်းရရှိဖို့ရှိပါတယ်။

ပထမနည်းလမ်းက ရလာတဲ့ကာကွယ်ဆေးတွေကို တိုင်းရင်းသားဒေသတွေမှာ ထိုးပေးမှာဖြစ်ပြီး

ဒုတိယနည်းလမ်းကတော့ တတိယအဖွဲ့အစည်းတွေက ပြည်သူတွေကို ထိုးနှံပေးမှာဖြစ်တယ်လို့

ပညာရေးကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောဆိုပါတယ်။

အခုရလာမယ့် ကာကွယ်ဆေးတွေနဲ့ ဆေးအမျိုးအစားတွေကတော့ အရင်အစိုးရလက်ထက်က

လုပ်ဆောင်ခဲ့တာတွေကို ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ထားတာတွေဖြစ်တယ်လို့ဆိုပါတယ်။

Source; DVB NEWS