ၾကားသိသမွ်

ပြည်သူတွေ အားတက်စေမဲ့ သတင်းတစ်ပုဒ်

မင်းတပ်နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းကို CDF (Mindat) သိမ်းပိုက်

မင်းတပ် ဇူလိုင်လ ၂၆

ချင်းပြည်နယ်မင်းတပ်မြို့နယ်အတွင်းရှိ မကွီအိမ်နူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်တွဲထားသည့်

ရဲကင်းစခန်းတစ်ခုကို ဇူလိုင်လ ၂၄ ရက်နေ့က ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ CDF(မင်းတပ်)က သိမ်းပိုက်နိုင်ခဲ့ပြီး

လက်နက်၊ခဲယမ်းပစ္စည်းများစွာရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

CDF (Mindat) မှမဟုတ်သော်လည်း အခြေအနေကိုသိနေသော CDM ဝင်ကာ ပြည်သူနှင့်ပူးပေါင်းလာခဲ့သော

ဗိုလ်ကြီးထွန်းမြတ်အောင်က ”စကစတပ်ဖွဲ့တစ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ ရဲကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့က

သိမ်းပိုက်လိုက်တာပါ။စခန်းသိမ်းတဲ့အချိန်မှာလည်း ထိခိုက်ဒဏ်ရာရမှုတွေမရှိဘဲ အသာတကြည်သိမ်းနိုင်တယ်။

သူတို့အားလုံးလက်နက်ချအညံခံကြတယ်။ CDM ဝင်ကြတယ်ပေါ့။ တချို့ကလည်း ငါးယောက် ခြောက်ယောက်လောက်တော့

CDMမဝင်ချင်ဘူးဆိုတော့ သူတို့ကို ပြန်လွှတ်ပေးလိုက်တယ် ” ဟု ပြောသည်။

လက်ရှိတွင် မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF (Mindat) တို့ ညှိနှိုင်းမှုများပျက်ပြယ်ပြီးနောက်

နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီး နှစ်ဘက်အကျအဆုံးများရှိနေခဲ့သည်။

Source; Mizzima-News