ဆုံးပါးသွားလဲ အရိုးထဲကတောင်ရှာကျွေးနေပြီးယခုချိန်ထိဒါနကုသိုလ်ပြုလုပ်နေနိုင်တဲ့ နိုင်ငံကျော်အဆိုတော်ကြီး
အရင်နှစ်တွေတုန်းကဆို ဖေကြီး အတွက်ရတဲ့ အနုပညာကြေးကို လေးပုံ ပုံတယ်…
အမေတပုံ ညီမလေး တပုံ ကျနော်တပုံယူတယ်
ကျန်တဲ့ တပုံကို သူ့နှစ်ပါတ်လည်မှာ လှူဖို့ အမြဲသိမ်းထားတယ်
ဒီနှစ်ကတော့ သိတဲ့အတိုင်းပဲ
သက်ရှိထင်ရှား အနုပညာသည်တွေတောင် တိုင်ပါတ်နေတာဆိုတော့…
ဖေကြီးအကြောင်းကျနော်ရေးထားတဲ့ စာအုပ်လေးတအုပ်ရှိတယ်
ကျနော့်အဖေ သို့ မိုးကောင်းကင်ကိုဖွင့်ခဲ့သူတဲ့
အဲဒီစာအုပ်လေးက ရတဲ့စာမူခကိုလဲ လှူလိုက်တယ်
စာအုပ်က ဖြန့်ချီရေး နည်းနည်းအောက်သွားတော့ လူသိသင့်သလောက် မသိလိုက်ဘူး
စာအုပ်လက်ကျန်တွေ အကုန်လုံးကို အမ မေသင်္ကြန်ဟိန် ဦးထွန်းထွန်းဟိန်သမီးက ကျနော့်ကို
အကုန်ပြန်လှူလိုက်တော့ အဲဒီစာအုပ်တွေ ရောင်းပြီး အလှူဘယ်နှခါလုပ်မှန်းတောင် မသိတော့ဘူး
ရေဘေးတုန်းကလဲလှူတယ် ရွာသာကြီးမှာလဲလှူတယ်
အမျိုးသမီးစွမ်းဆောင်ရှင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကလဲ
ဖေကြီးရေးထားတဲ့သီချင်းတပုဒ် အလှူလာခံလို့ လှူလိုက်ပါတယ်
လှူသမျှ တန်းသမျှ အဖေ့ဆီရည်ရွယ်ပြီး ရောက်ပါစေဆိုပြီးလှူတာ
ဒီနှစ်လဲ ခုလ ၂၅ရက်နေ့ဆိုသူဆုံးတာ ၂၂နှစ်ပြည့်ပြီ
ဆုံးပါးသွားလဲ အရိုးထဲကတောင်ရှာကျွေးနေတဲ့ ကျနော့်အဖေပါ
ဒီလ ၂၅ရက်နေ့ကျရင် တခုခု ဖေကြီးကို ရည်ရွယ်ပြီး လှူဖြစ်မှာပါ
ဝမ်းနည်းစရာအကောင်းဆုံးတခုကတော့ ကျနော့် မွေးနေ့မတိုင်ခင်
တပါတ်တိတိ အလိုမှာ ကျနော့် ဖေကြီးဆုံးပါးသွားတာပါပဲ
ဒီစာကို သတိရတဲ့စိတ် ချစ်ခင်တဲ့စိတ် လွမ်းတဲ့စိတ်နဲ့ရေးပါတယ်
ဒေဝ
လေးစားစွာဖြင့်- ခရက်ဒစ်