ၾကားသိသမွ်

အင်းစိန်ထောင် ဆန္ဒပြသူတွေ သေဆုံးမှု မဟုတ်ကြောင်း အကျဥ်းဦးစီးဌာန ငြင်းဆို

အင်းစိန်ထောင် ဆန္ဒပြသူတွေ သေဆုံးမှု မဟုတ်ကြောင်း အကျဥ်းဦးစီးဌာန ငြင်းဆို

ဇူလိုင် ၂၅ – နေပြည်တော်

‘’.. အသက်တစ်ချောင်း သေသွားဖို့ မပြောနဲ့ သူတို့ သာမန် နေမကောင်းဘူး…

ကျန်းမာရေး မကောင်းဘူး… နှာစေးချောင်းဆိုး ဖြစ်တာက အစ ကျန်းမာရေး စောင့်ရှောက်မှုကို

အပြည့်အဝ ပေးရပါတယ်…အဲ့ဒီတော့ လူသေတယ်ဆိုတာတွေက ကောလာ ဟလတွေ

လျှောက်ပြောတာပါ..’’ လို့ အကျဥ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က

အင်းစိန်ထောင် ဆန္ဒပြသူတွေ သေဆုံးမှု သတင်းအပေါ် ဒီကနေ့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဇူလိုင် လ ၂၃ ရက်နေ့က အင်းစိန်ထောင် ကြွေးကြော်ဆန္ဒပြမှု ကြောင့် စစ်တပ်က ဝင်ရိုက်လို့

အကျဥ်းသား ၂၀ သေဆုံး မှုနဲ့ ပတ်သက်ပြီး လုံးဝ မဟုတ်ကြောင်း ဦးချမ်းအေးကျော်က ငြင်းဆိုလိုက်တာပါ။

သတင်းမီဒီယာတွေရဲ့ ဆိုရှယ်မီဒီယာ ဂရု က မေးမြန်းချက်ကို ဦးချမ်းအေးကျော်က အခုလို မဟုတ်ကြောင်း

ငြင်းဆို သွားခဲ့တာလည်း ဖြစ်ပါတယ်။

အကျဥ်း‌ထောင်ထဲကို အကျဥ်းထောင် ဝန်ထမ်းကလွဲပြီး ရဲ နဲ့ စစ်တပ် ဝင်လို့မရကြောင်း၊ လက်နက်ကိုင်ပြီးလည်း

ဝင်လို့မရကြောင်း ဦးချမ်းအေးကျော်က ပြောပါတယ်။

‘’… သူတို့ကို မတရား ရိုက်နှက်တာ၊ မတရား တိုက်ပိတ်လိုက်တာ တစ်ယောက်မှ မရှိပါဘူး…’’ လို့လည်း ပြောဆိုသွားပါတယ်။

Source; THN freelance journalist