ပရိသတ်ကြီးရေ ပရိသတ်တွေက ပရဟိတမင်းသမီးကြီးလို့ တင်စားခေါ်ဝေါ်ရတဲ့ မင်းသမီးခိုင်နှင်းဝေကတော့
ဒီနေ့မှာ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါတယ်။
ခိုင်နှင်းဝေကတော့ လတ်တလောမှာ ပြည်သူတွေလိုအပ်နေတဲ့ အောက်စီဂျင်တွေကိုလည်း
လှူဒါန်းပေးနေခဲ့တာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။
နေစဉ်နေ့တိုင်းလိုလိုလည်း အလျဉ်းသင့်ရင်သင့်ရင်သင့်သလို ပြည်သူတွေလိုအပ်နေတာတွေကို
လှူဒါန်းပေးနေခဲ့ပြီး ဒီနေ့ ဇူလိုင်လ (၂၄)ရက်နေ့မှာလည်း အိမ်ခြေ (၅၀၀)စာအတွက်
ဆန်တွေလှူဒါန်းပေးလိုက်ပြန်ပါတယ်။ တစ်အိမ်ကို ဆန်(၃)ပြည်တစ်အိတ်နှုန်းနဲ့ အိမ်ခြေ (၅၀၀)စာကို
ခိုင်နှင်းဝေက သူကိုယ်တိုင် ကိုယ်ကျ လှူဒါန်းမယ့်နေရာအထိသွားရောက်ပြီး လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေက ယခုကျရောက်နေတဲ့ ကပ်ဘေးကြီးကကြောင့် ပြည်သူတွေအတွက် အခက်အခဲတွေများစွာ
ကြုံတွေ့နေရတာမှန်ပေမဲ့လည်း သူလည်း တတ်နိုင်သလောက် တတ်စွမ်းသ၍ ကူညီပေးသွားမှာဖြစ်တဲ့အတွက်
အားတင်းထားကြဖို့ စိတ်ဓာတ်မကျဖို့ အားပေးထားပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ
ခိုင်နှင်းဝေရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
CRD – CeleZone