ၾကားသိသမွ်

ဂျပန် အိုလံပစ် ထိပ်တန်းဂျွမ်းဘားသမား လက်ချော်ပြီး ဘာတန်းအမြင့်ကနေ ပြုတ်ကျ

ဂျပန် အိုလံပစ် ထိပ်တန်းဂျွမ်းဘားသမား လက်ချော်ပြီး ဘာတန်းအမြင့်ကနေ ပြုတ်ကျ

ဂျပန်နိုင်ငံက ထိပ်တန်း အမျိုးသား ဂျွမ်းဘားသမား Kohei Uchimura ဟာ စနေနေ့ ပြိုင်ပွဲအတွင်း သရုပ်ပြ

ကစားနေချိန် ဖမ်းဆုပ်ထားတဲ့ ဘားတန်းအမြင့်ကနေ လက် ချော်

ထွက် ပြုတ်ကျခဲ့ပြီးနောက် ၊ နောင်မှာ ပြိုင်ပွဲ တွေကနေ အနားယူမယ့်သဘော ရှိနေပါတယ်။ အသက် ၃၂ အရွယ်

Uchimura ဟာ နှစ်ပေါင်းအတော်ကြာ ပြိုင်ပွဲတိုင်းမှာအနိုင်ရ ချန်ပီယံဖြစ်ခဲ့သူပါ။ ဒါပေမယ့် စနေ့နေ့ပြိုင်ပွဲမှာ

မတော်တဆ ပြုတ်ကျခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ရတော့မှာဖြစ်ပါတယ်။

အခုလို တိုကျိုအိုလံပစ်ပွဲ စတင်နေချိန်မှာပဲ Nepartak အပူပိုင်းမုန်တိုင်းကလည်း ဂျပန်နိုင်ငံကို ဦးတည်လာနေပြီး

လေးပြင်းတိုက်၊ မိုးကြီးမယ့် အန္တရာယ် ရှိနေပါတယ်။ ဒါကြောင့် တချို့ လှေလှော်ပြိုင်ပွဲတွေကို နဂိုအစီအစဉ်ထက်

စောပြီးကျင်းပသွားဖို့ အိုလံပစ်ကော်မတီ တာဝန်ရှိသူတွေ စီစဉ်နေပါတယ်။

အီကွေဒေါနိုင်ငံက နာမည်ကျော် စက်ဘီးစီးချန်ပီယံ Richard Carapaz ကတော့ ဒီအိုလံပစ်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။

ဂျူဒိုပြိုင်ပွဲတွေဖက် ကြည့်ရင် – အစ္စရေးနိုင်ငံသား ဂျူဒိုသမားနဲ့ ယှဉ်ပြိုင်ဖို့ ငြင်းဆန်ခဲ့တာကြောင့်

အယ်ဂျီးရီးယားနိုင်ငံသား ဂျူဒိုသမား Fethi Nourine နဲ့ သူ့နည်းပြကို ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခွင့် ရပ်ဆိုင်းလိုက်ပါတယ်။

ပါလက်စတိုင်းဖက်က ရပ်တည်ကြောင်းပြသတဲ့

အနေနဲ့ အစ္စရေး ယှဉ်ပြိုင်ဖက်နဲ့ မကစားလိုဘူးလို့ Fethi Nourine ငြင်းခဲ့တာပါ။

အိုလံပစ်ပွဲအတွင်း အသက်အငယ်ဆုံး (၁၂)နှစ်သာ ရှိသေးတဲ့ စားပွဲတင်တင်းနစ် ကစားသမား ဆီးရီးယားနိုင်ငံသူ Hend Zaza ဟာ

အသက်(၃၉)နှစ်အရွယ် တရုတ်နွယ်ဖွား သြစတြီးယားနိုင်ငံသူ Liu Jia ကို ပထမဆုံးပွဲမှာတင် ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲက ထွက်သွားရပြီဖြစ်ပါတယ်။

Source; VOA