မထူးဇာတ်ခင်းတော့ မယ့် စစ်ကောင်စီနှင့် ပြည်တွင်း ၊ ပြည်ပ ပြင်ဆင်မှု့
အိုင်စီဂျေက ဆင့်ခေါ်တဲ့ တရားရုံ းချိန်းကို စစ်ကောင်စီဘက်က မတက်ရောက်ခဲ့ဘူး ။ အမေစုက ဒီအမှု့ကို ကျူးလွန်ထားသူမဟုတ်လို့ နိုင်ငံအတွက် ရဲဝံ့စွာ ရင်ဆိုင်ခဲ့ပေမယ့် ၊ စစ်ကောင်စီကတော့ ဒီအမှု့ကို ကျူးလွန်ခဲ့သလို ၊ လတ်တလောမှာလည်း ဥပဒေမဲ့ အာဏာသိမ်းမှု့ ၊ လူသတ်မှု့ ၊ ညှင်းပန်းနှိပ်စက်မှု့ ၊ ကာမအနိုင်ကျင့်မှု့ ၊ ကလေးသူငယ်များ၏ အနာဂတ်ဖျက်စီးမှု့ ၊ ကပ်ရောဂါကို လက်နက်သဖွယ်အသုံးချမှု့ ဆိုသလို များပြားလှတဲ့ စွဲချက်တွေကို ရင်ဆိုင်မှာ မဟုတ်တော့လို့ပါ ။
သွားခဲ့ရင်လည်း ပြန်လမ်းမရှိဖို့ များပါတယ် ။ အချို့ကတော့ ဒီအမှု့က မပြီးသေးပဲ ဖမ်းလို့ရသလားလို့ မေးကြပါတယ် ။
စစ်ကောင်စီကို နှိမ်နင်းဖို့ စွပ်ဆွဲထားတဲ့ အမှု့က ” ရက်စက် ယုတ်မာမှု့ ” ပါ ။ ရက်စက် ယုတ်မာမှု့ကို တင်ပြခဲ့တာကတော့ ” ကမ္ဘာလုံးဆိုင်ရာစင်တာ ( GLOBLE CENTRE ) ပါ ။ ကမ္ဘာလုံး ဆိုင်ရာ ဆိုတဲ့အတွက် မြန်မာ့အရေးကို ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ အစိုးရ ၊ သံအမတ်များ ၊ အငြိမ်းစား သံအမတ်များ ၊ ကုလအထွေထွေအတွင်းရေးမှုးဟောင်းများ ( ဘန်ကီမွန်း ၊ ကိုဖီအာနန် ) လူ့အခွင့်အရေး လှုပ်ရှားသူနှင့် အဖွဲ့များ ၊ ၊ ပညာရှင် ၊ ထင်ရှားသူ ၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးကို ကိုယ်စားပြုပါတယ် ။
– နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် ထိန်းသိမ်း ကာကွယ်ဖို့အတွက် ၊ အခြေအနေအားလုံးကို လေ့လာ ၊ စောင့်ကြည့် ၊ သုံးသပ် ၊ တင်ပြခြင်းကို ” ကမ္ဘာလုံးဆိုင်ရာ ကာကွယ် ထိန်းသိမ်းရေးစင်တာ ( GCR2P ) က ပြင်ဆင် လှုပ်ရှားပါတယ် ။
– လုံခြုံရေးကောင်စီက စားပွဲဝိုင်းပေါ်တင်ပြီး ဆွေးနွေးပါတယ် ။
– ကုလအထွေထွေညီလာခံက အတည်ပြုပါတယ် ။
-ကမ္ဘာလုံးဆိုင်ရာ ကာကွယ် ထိန်းသိမ်းရေး စင်တာ ( GCR2P ) ဟာ အထက်ပါ အထင်ကရ ပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများနဲ့ ဖွဲ့စည်းထားပြီး ရုံးခွဲ ( ၂ ) ခုကို နယူးယောက်နဲ့ ဂျီနီဗာမှာ ဖွင့်လှစ်ထားပါတယ် ။
– GCR2P ရဲ့ အမှု့ဆောင် ဒါရိုက်တာက ဒေါက်တာ ဆိုင်မွန်အေဒမ် ( Dr. Simon Adam ) ပါ ။ ကမ္ဘာပေါ်က လူးမျိူးတုန်းသတ်ဖြတ်မှု့ ၊ ရက်စက်ယုတ်မာမှု့ ၊ မူးယစ်ရာဇာအမှု့ နဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက် ၊ ဒုက္ခပေးနေတဲ့ ဘယ်လိုရာဇဝတ်သားကိုမဆို အထောက်အထား ခိုင်လုံစွာနဲ့ လုံခြုံရေးကောင်စီထံ တင်ပြပြီး အရေးယူခွင့် ရှိသူပါ ။
– လက်ထောက် အမှု့ဆောင် ဒါရိုက်တာကတော့ SAVITA PAWNDY ပါ ။ အိန္ဒိယ အမျိူးသမီးလို့ ယူဆရပါတယ် ။
– သုတေသန ဒါရိုက်တာ JACLYN STREITFELD-HALL ။ ပရိုဂရမ် မန်နေဂျာ NADIRA KOURT ။ ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်အရာရှိ SARAH HUNTER ။ ကုလ လူ့အခွင့်အရေးကောင်စီ အကြီးတန်းအရာရှိ ELISABETH PRAMENDORFER ။ လုံခြုံရေးကောင်စီရှိ NGO လုပ်ငန်းအဖွဲ့ သုတေသန လေ့လာသုံးသပ်သူနှင့် ညှိနှိုင်းရေးမှုး CHRISTINE CALDERA တို့လို နယ်ပယ်အသီးသီးက ကျွမ်းကျင်သူဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားပါတယ် ။
GCR2P ဒါရိုက်တာ ဆိုင်မွန်အေဒမ် ဦးဆောင်တဲ့ ရုံးအဖွဲ့အတွက် လုပ်ငန်းတာဝန် ၊ စီမံချက် အကောင်အထည်ဖော်ဖို့ ချပေးသူတွေကတော့ GCR2P ကို ကိုယ်စားပြုတဲ့ အမှု့ဆောင် ဘုတ်အဖွဲ့ဝင်တွေပါပဲ ။ ဒီအဖွဲ့ ထဲမှာ အထက်ကပြောခဲ့တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ပါဝင်ပါတယ် ။
ဆိုရရင် GCR2P ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ပျက်စီးဆုံးရှုံးမှု့ဆီ ဦးတည်နေတဲ့ အခြေအနေကို ကုလငြိမ်းချမ်းရေး တပ်ဖွဲ့ ( R2P ) စေလွှတ်ဖို့ လေ့လာ ၊ သုံးသပ် ၊ တင်ပြ ၊ ပြင်ဆင်နေတဲ့ အဖွဲ့အစည်းပါပဲ ။ R2P ( RESPONSIBILITY to PROTECT ) ဆိုတာက ကုလလက်အောက်ခံ ငြိမ်းချမ်းမှု့ထိန်းသိမ်းရေး ( PEACE-KEPPING ) တပ်ဖွဲ့ရဲ့ လှုပ်ရှားမှု့ပါ ။ ဒီတော့ ….၊ R2P လှုပ်ရှားဖို့အတွက် GCR2P က လေ့လာ ၊ သုံးသပ် ၊ တင်ပြ ၊ တိုက်တွန်း ၊ ပြင်ဆင်ပေးရပါတယ် ။
စာရေးသူက ဖေဖော်ဝါရီ ( ၁ ) ရက်ကစပြီး ကုလအက်ရှင်နဲ့ နိုင်ငံတကာ စစ်ရေးလှုပ်ရှားမှု့တွေကို အမြဲတမ်း စောင့်ကြည့် လေ့လာနေသူပါ ။ ကုလအရေး ၊ နိုင်ငံတကာစစ်ရေးမှာ ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပါဘူး ။ အခြေအနေထူးတဲ့အခါ အသိပေးပါတယ် ။
သုံးသပ်ပါတယ် ။ စစ်သင်္ဘောကြီးတွေ မြန်မာ့ရေပိုင်နက်အနီးကို ရောက်လာခဲ့တာဟာ အမှန်သတင်းဆိုတာ လူတိုင်းသိကြပါတယ် ။ အခုအထိလည်း အရှေ့တောင်အာရှ ရေပြင်မှာ ရှိနေဆဲပါ ။ ဘာ့ကြောင့် ကုလနဲ့ နိုင်ငံတကာအကူအညီကို စောင့်ကြည့် ၊ သုံးသပ်နေရသလဲဆိုရင် စစ်ကောင်စီဟာ ကုလနဲ့ နိုင်ငံတကာရဲ့ အက်ရှင်ဝင်လာနိုင်တဲ့အခြေအနေကို ကောင်းကောင်းသိနေပါတယ် ။
တိုင်းရင်းသား တပ်ဖွဲ့တွေရဲ့ နယ်မြေသိမ်းမှု့တွေကိုလည်း ခေါင်းငုံ့ခံနေရပါတယ် ။ PDF ရဲ့ D-Day အတွက် NUG က ပြင်ဆင်နေပြီဆိုတာလည်း ကောင်းကောင်းသိပါတယ် ။ ဒါ့ကြောင့် ရုရှားထုတ် တိုက်လေယာဉ် အမျိူးအစား ( ၂ ) ခုကို တင်သွင်းဖို့ ပြင်ဆင်နေတာပါ ။ ကုလ ၊ နိုင်ငံတကာ ၊ PDF ရဲ့ စစ်ရေးလှုပ်ရှားမှု့တွေကို လေကြောင်းနဲ့ အနိုင်ယူဖို့ ပြင်ဆင်နေပါတယ် ။
စစ်ကောင်စီကို အနိုင်ယူဖို့အတွက် ပြည်တွင်း ၊ ပြည်ပ လက်တွဲညီဖို့ လိုပါတယ် ။ ဒါ့ကြောင့်လည်း စာရေးသူဟာ ကုလအဖွဲ့ရဲ့ စစ်ရေးအက်ရှင် ဝင်လာနိုင်မယ့် GCR2P ကို လေ့လာ ၊ အသိပေးနေတာပါ ။
အနှစ်ချုပ်ရရင် ….။ စစ်ကောင်စီဟာ ICJ ကို ရင်မဆိုင်ပဲ ၊ နိုင်ငံတကာ စစ်ရေးအက်ရှင်နဲ့ PDF ကို ခုခံဖို့ ရုရှားထုတ် တိုက်လေယာဉ်တွေ မှာယူလိုက်တယ် ။ ရုရှားက ကုလအမိန့်ကို ဆန့်ကျင်လိုက်တယ် ။ စစ်ကောင်စီက ကုလနဲ့ နိုင်ငံတကာကို ဂရုမစိုက်သလို လုပ်လိုက်တယ်။
MAH နဲ့ နောက်လိုက် စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံတကာ တရားရုံးကနေ ဖမ်းဝရမ်း အထုတ်ခံရနိုင်တယ် ။ ဒီတော့ …၊ နိုင်ငံတကာရဲ့ ဖိအားတွေဟာ စစ်ကောင်စီအပေါ်မှာ သိသိသာသာ လေးလံလာပြီး မထူးဇာတ်ခင်းတော့ မယ်လို့ သုံးသပ်ရပါတယ် ။
ဘကြီးအောင် LA
credit;