ၾကားသိသမွ်

မင်းအောင်လှိုင်တို့ ဘာကြောင့် ICJ မတက်တာလဲ.?

မင်းအောင်လှိုင်တို့ ဘာကြောင့် ICJ မတက်တာလဲ.?

သူ့တို့ ဘက်ကတော့ အရှင်းဗျ။ ဘာဖြစ် ညာဖြစ် ငြင်းချင်ငြင်း မငြင်းချင်နေ ဘယ်လိုအရေး ယူမယ် ဘယ်လိုဒဏ်ခက်မယ် ပြောချင်ပြော မပြောချင်နေ စောက်ဖက်မလုပ်ဘူးဆိုတဲ့ အထှာနဲ့။

မအလနော်…
ပြောရင်ပြတ်တယ် လုပ်ရင်ရှင်းတယ်။ ဒီဘဲကြီးဆီမှာ တဇောက်ကန်းလုပ်တတ်တဲ့ အကျင့်ရှိတယ်ဆိုတာက ကြာလေ ပိုသိလာလေ။

နောက္တခ်က္က….
သူ့ရှေ့က နေဝင်း ၊သန်းရွှေတို့ထက်ပိုပြီး လူစိတ်မရှိဘူး ဆိုတာ သိလာရတယ်။

မထူးဇာတ်…
တကယ့်ကို သေမထူးနေမထူး ဖြစ်နေပြီဆိုတာကို မအလနဲ့စစ်အုပ်စုက သိနေကြပြီ။

ဒါကြောင့် ဒီနေ့ ICJကို မတက်တာပဲ။ အမှန်တော့ ယနေ့ ICJရဲ့ရုံးချိမ်းဟာ ကြားနာ အဆင့်ပါ။
အမိန့် ချမဲ့ရက်မဟုတ်တဲ့အတွက် မအလကိုယ်တိုင်သွားမတက်ရင် အခြေနေက ဘာမှမဖြစ်နိုင်သလို
လာတက်တဲ့သူတွေကို မေးသင့်တာမေး စစ်သင့်တာ စစ်ပြီး နောက်တပတ်ရုံးချိမ်းရက်ယူပြီး ပြန်လာရုံပါပဲ။

ဘာလို့ မတက်ကြတာလဲ…?
ကြားနာဖို့ အတွက်ခေါ်မှတော့ ဥပဒေအရ ဘာတွေလုပ်နိုင်တယ်ဆိုတာကို..သိတာပေါ့။
မသိလို့မဟုတ္ပါဘူး။

သို့သော်…
သေမထူး နေမထူးဇာတ် ခင်းဖို့အတွက် ပြင်ဆင် ထားပြီဖြစ်လို့ မအလနဲ့စစ်အုပ်စုဟာ နိုင်ငံတကာရဲ့အရေးယူမှုကို စောက်ဖက်မလုပ် တော့တာပါ။UNအပါဝင် ကမ္ဘာ့နိုင်ငံတွေရဲ့
ထိရောက်တဲ့အရေးယူမှုတွေ နောက်နှေးနေမှုနဲ့ လက်တွေ့မကျတဲ့ အကူညီတွေကြောင့်လဲ
ဖြစ်နိုင်ပါတယ်။

သေခြာတာကတော့ မအလနဲ့စစ်အုပ်စုဘက်က ဒီအရေးနဲ့ ပတ်သတ်လို့ လုံးဝ နောက်မဆုတ်တော့ပါဘူး။ တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုတဲ့ ပုံစံနဲ့ ပိုးမလံမျိုးမို့ မီးပုံဆီကို ဆက်တိုးနေပါပြီ။ ပြည်တွင်းစစ်ဖြစ်လာရေးက ရှောင်ပြေးလို့ မရတော့ဘူးဆိုတာကိုလည်း သိသွားလို့ ဖြစ်မှာပါ။

21.7.2021ကစလို့ ၃ရက်အတွင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့ ကချင်၊ကရင်နဲ့ချင်း ပြည်နယ်တွေကို စခအင်အားတွေ တိုးချလာပါတယ်။ ယခု ညပိုင်းမှာတော့ KIAဌာနချုပ်ရှိရာ လိုင်ဇာနဲ့အနီးတဝှိုက်ကို
မအလတပ်ဘက်က လက်နက်ကြီးတွေနဲ့ စပြီး ပစ်နေပါပြီ။

အခြားဒေသတွေဘက်က စစ်ရေးအခြေနေဘယ်လိုရှိတယ်ဆိုတာ မသိရပေမဲ့ ဒီပုံစံတိုင်းဆိုရင်တော့
ပြည်တွင်းစစ်ကို မအလနဲ့စစ်အုပ်စုဘက်က လက်ဦးမှုရယူရေးအတွက် လုပ်လာတယ်လို့
မြင်မိပါတယ်။

ဒါကြောင့် ကျုပ်တို့တွေ ဟိုစောင့် ဒီစောင့် လုပ်ခဲ့တဲ့အချိန်တွေ ဟိုမျှော် ဒီမျှော် လုပ်လာတဲ့အချိန်တွေ ကြာလာပြီး ဆုံးရှုံးမှုတွေ များနေခဲ့ပြီ။ သူတို့က ဘာမှဂရုမစိုက်ပဲ ဆက်ယုတ်မာနေတယ်။
ဒီတော့. ခများတို့ဘက်က မချသေးဘူးလား…? ခများတို့ဆီက မစသေးဘူးလား…?

ဆိုးဝါးတဲ့ရာသီဥတုဒဏ်၊ ကူးစက်တဲ့ ရောဂါဘေးနဲ့ စားဝတ်နေရေးပြသနာတွေကြောင့် အချိန်တွေအရမ်းကြာလာရင် ပြည်သူတွေပိုပြီး အထိနာလာနိုင်တာကြောင့် စမှာဖြင့်စ၊ချမှာဖြင့်ချကြပါတော့ ဗျာလို့ပဲ တောင်းဆိုပါရစေ။

သူတို့ဘက်ကအရှင်းနော် ဘာကိုမှ ဂရုမစိုက်ဘူး ခများတို့တွေ ဆက်ပြီး တွေဝေ မနေနဲ့။

သံပါးစပ်

credit;