ပြည်ခိုင်ဖြိုးပါတီ ရုံးစောင့်..ဖ…ခေါ်ချရာမှဖယောင်းတိုင် မီးမငြိမ်းသတ်ပဲအိပ်ပျော်သွားရာ
အင်းတော်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး မီးလောင်
ပထမရှို့မီးဟုသတင်းထွက်ခဲ့သော်လည်းနောက်ပိုင်းတွင်ရုံးစောင့်..ဖ…ခေါ်ချရာမှဖယောင်းတိုင်
မီးမငြိမ်းသတ်ပဲအိပ်ပျော်သွားရာမှမီးလောင်ကြောင်းပေါ်ပေါက်
ရန်ကုန်၊ဇူလိုင်-၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးသည် ဇူလိုင်လ(၂၄)ရက်နေ့ နံနက် (၂)နာရီ အချိန်ခန့်၌ မီးလောင်မှုဖြစ်ပေါ်ခဲ့ရာ
ရှို့မီးဟု ယူဆထားရာမှရုံးတွင်း ဗလာစီယာနှင့်
မိန်းမဝတ်အတွင်းခံဘောင်းဘီ ၊မိန်းမစီးဖိနပ်တစ်ရံ
တို့ကိုရှာဖွေတွေ့ရှိ၍စစ်ဆေးရာမှ ရုံးစောင့်မှ ပြည့်တန်ဆာအမျိုးသမီးတစ်ဦးကိုခေါ်၍ပျော်ပါးပြီး
မီးပျက်နေသဖြင့်ထွန်းထားသည့်ဖယောင်းတိုင်ကို
မငြိမ်းသတ်မိပဲအိပ်ပျော်သွားရာမှမီးလောင်မှု့ဖြစ်ပေါ်ရကြောင်းပေါ်ပေါက်ခဲ့သည်။
ပြည့်တန်ဆာအမျိုးသမီးမှာ မီးလောင်သည်နှင့်ရုံးအောက်ဆင်းပြေးသွားသဖြင့်
မီးသတ်များမှရှာဖွေမတွေ့ရှိတော့ကြောင်းသိရသည်။အဆိုပါ မီလောင်မှုကြောင့် ကွန်ပြူတာ၊
မိတ္တူကူးစက်အပါအဝင် ရုံးသုံးပစ္စည်းများ မီးလောင်ခဲ့သည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်တွင်တာဝန်ရှိရုံးစောင့်၏ပေါ့လျော့မှုကြောင့်ဖြစ်သဖြင့်ထိုရုံးစောင့်အား
ဥပဒေအရအရေးယူမည်ဖြစ်ကြောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်
Source; YGN